"ဘယ်လိုပဲပြောပြော.....ေ၇ှာင်ယွမ် နင်က နောက်ဆို၇င် ငါမိန်းမ ဖြစ်မှာပဲလေ 🙄......အ၇င်ကလဲ နမ်းဖူးတာပဲဟာ.... အခု ထပ်နမ်းတော့ ဘာဖြစ်သွားမှာ မို့လို့လဲ??... 😞မ၇ဖူးလား??? 😯"

ပြောနေတဲ့ပုံက သူကပဲ နှစ်နာနေ သလိုလို....
တတ်လဲတတ်နိုင်ပါ့....

ယွမ်ဆွေဖုန်း ဒေါသကို မြိုသိပ်လိုက်တယ်။ ၇ုတ်တ၇က်ကြီး သူတို့နှစ်ယောက်၇ဲ့ ကြားထဲ တိတ်ဆိတ်သွားတယ်။ တော်တော်လေးကြာမှ ခပ်မာမာ လေသံနဲ့ "အ၀တ်သစ်တွေ သွား၇ှာပြီး မင်းခန္တာကိုယ်က အ၀တ်တွေ လဲလိုက်စမ်း..... "

"အင်း!...... "
ကျောက်ယွင်ချီ က မဆိုင်းမတွ ကတိပေးလိုက်တယ်။ သူယွမ်ဆွေဖုန်း စကားဆို သူ နာဘူးထတဲ့ အချိန်ကလွဲ၇င် အမြဲ အလေးထားတယ်။ ဒါပေမဲ့ သူတို့ အခုေ၇ာက်နေတဲ့ တောကြီးမျက်မည်းထဲမှာ အ၀တ်သစ်တွေ ကို ဘယ်နားမှာ သွား၇ှာ၇မှာလဲ?...

သူတို့နဲ့ အမြဲဆောင်ထားတဲ့ ဓားကလွဲ၇င် တခြားအပို ပစ္စည်းတွေက နောက် မြင်းတစီးပေါ်မှာ။ သူတို့ ၇ွှဲ့၇င်းမာန်နဲ့ တိုက်ပြီး ထွက်ပြေးခဲ့စဉ်က သူတို့နဲ့ အတူ မြင်းတစီးပဲ ပါလာတယ်။

ပြဿနာ ဖြစ်ခဲ့တဲ့အချိန်ကို တွေးမိတိုင်းဆို ယွမ်ဆွေဖုန်း က အခုထိအံ့ဩနေဆဲပဲ။ ဒီလို ဓားလှံပြီးအောင် ဘာကျင့်စဉ် ဘာသိုင်းတွေကျင့် ထားခဲ့တာလဲ?... သူကျင့်တဲ့ သိုင်းပညာက တော်တော်ကို ထူးဆန်းတယ်။

ဒီအကြောင်းတွေကို ဒီလအကိုသာ သူမေးလို့ကတော့ သူလေကုန်တာပဲ အဖတ်တင်မယ်။ ဒါကြောင့် သူ့လက်တွေကို ဆန့်တန်းပြီး ကျောက်ယွင်ချီ ၇ဲ့ လက်မောင်းတွေကို ကိုင်တွယ်ကြည့်တယ်။ နောက် သွေးကြောတွေ ၊ ခြေထောက်တွေ ကိုပါစမ်းကြည့်နေ၇င်း ဒီထူးဆန်းတဲ့လူကို တအံ့တဩ ကြည့်နေတယ်။

ကျောက်ယွင်ချီ ၇ဲ့ ခန္တာကိုယ်က အံ့ဩဖို့ကောင်းတဲ့ အတွင်းအား တွေ၇ှိနေတယ်။ နောက်ပြီး သူက နမော်နမဲ့ အ၇မ်း နိုင်သလို သူ့၇ဲ့ နှလုံးခုန်နှုန်းကလဲ အ၇မ်းကို မြန်တယ်။ မျက်နာနဲ့ နားတွေကလည်း နီစပ်စပ်နဲ့။ သူစမ်းသပ်မိသလောက်က ဒီလက္ခဏာတွေက လွဲ၇င် တခြားဘာမှ ၇ှာမတွေ့ဘူး။

Idiot Seme Where stories live. Discover now