"မင်းကိုယ်မင်း ရေမြေ့ရှင် ဘုရင်မှတ်နေလား.?..သူတို့်က မင်းမေးတိုင်း ဖြေမယ်ထင်နေတာလား?"

"သူတို့အမှန်မပြောရင် ငါသူတို့ရဲ့ ဖင်ကိုရိုက်မှာပေါ့" လို့ ပြောပြီး ယွင်ချီက စပ်ဖြီးဖြီးရယ်နေတယ်။

"လီအယ်က ပြောဖူးတယ်။ ငယ်ငယ်က ငါ သူ့ဖင်ကို ရိုက်ဖူးတယ်တဲ့။ ငါ အမြဲ အဲလိုရိုက်မှ သူဆိုးတေခဲ့တာတွေကို ဝန်ခံတတ်တာ။ဒါပေမဲ့ ငါ လီအယ်ပြောတဲ့ အဲ့အဖြစ်အပျက်တွေကို မမှတ်မိတာတစ်ခုပဲ"

"မင်းနောက်တစ်ခါ လီအယ်ကို မထိနဲ့" ဆိုပြီး ယွင်ချီရဲ့ လည်နားက အင်္ကျီစ ကို ကိုင်ပြီး အေးစက်စက် အမိန့်ပေးတယ်။

"ကလေး အမှားလုပ်ရင် ဖင်ကိုရိုက်ပေးမှ လိမ္မာမှာလေ"
လို့ ယွင်ချီက ဆွေဖုန်းရဲ့လက်ကိုကိုင်ပြီး ကလယ်ကလယ်နဲ့ ကြည့်ရင်းနဲ့ ပြောတယ်။ ဒါပေမဲ့ ပြုံးစိစိနဲ့ ပြောပြန်တယ်။

"ဒါပေမဲ ရှောက်ယွမ်..နင်စိတ်ချ။ နင် ဘာအမှားပဲလုပ်လုပ် ငါနင့်ဖင်ကို ရိုက်မှာမဟုတ်ဘူး။ ငါက ငါ့ဇနီးကောင်းလေးရဲ့ဖင်ကို မရိုက်ရက်ပါဘူး..."😊😍

ယွမ်ဆွေဖုန်း ကျောက်ယွင်ချီ ၇ဲ့ လက်ကို ဖြုတ်ချလိုက်ပြီး ကိုယ်ကို လှည့်လိုက်တယ်။ နောက်တော့ ခုန်ပျံပြီး ကျောက်ယွင်ချီ ၇ဲ့ ဖင်ကို ခပ်ပြင်းပြင်း ကန်ချလိုက်မှပဲ ယွင်ချီ၇ဲ့ နှုတ်က ဖင် ဖင် ဆိုတဲ့ စကားလုံးတွေ တိတ်ကျသွားတော့တယ်။

ကျောက်ယွင်ချီ ကို ကန်ချလိုက်ပြီးမှ ယွမ်ဆွေဖုန်း ၇ဲ့ စိတ်ထဲမှာ တစ် နေတဲ့ ခံစားချက်တွေက တဖြည်းဖြည်း လျော့ကျသွားတယ်။ ဦးနှောက်ထဲမှာ တော့ ထျန်း၇င်နဲ့ ပတ်သတ်မယ်ထင်၇တဲ့ အချက်အလက်တွေ ကိုတွေးနေမိတယ်။ တချိန်ထဲမှာပဲ ၇ွယ့်၇င်းမန်၇ဲ့ တံခါးမကြီးကနေ ထွက်ခွာသွားတော့တယ်။

ကျောက်ယွင်ချီ ကတော့ နာနေတဲ့ သူ့ဖင်လေးကို ပွတ်၇င်း ယွမ်ဆွေဖုန်း၇ဲ့ မျက်နှာအမူအ၇ာကို ခိုးကြည့်နေတယ်။ ယွမ်ဆွေဖုန်း သူ့ကို ဆက်မ၇ိုက်ပဲ ထွက်သွားတာလဲ မြင်ေ၇ာ သူပါပြုံးစိစိနဲ့ လိုက်ထွက်သွားတော့တယ်။

::နောက်တနေ၇ာက!! ထျန်းနန်နယ်စပ် ပိုင်ရွဲ့ဂိုဏ်း! ငါ ဒီလအကို ခေါ်သွားလို့ ဖြစ်ပါ့မလား? 🤔::

Idiot Seme Where stories live. Discover now