မ​နေနိုင်​လို့ပါး​တွေချည်းပဲညစ်​ဖြဲလိုက်​​တော့ ငိုမဲ့မဲ့နဲ့။ ​နောက်​ဆုံးအဝတ်​အိတ်​ထဲက​နေ သူ့အကြိုက်​ဂါဝန်​လှလှတစ်ထည်နဲ့​​ဖိနပ်​တစ်​ရံ surpriseတိုက်​လိုက်​မှ သွားကျိုး​လေး​တွေနဲ့ တရှီးရှီးလုပ်​​နေ​တော့တယ်​။

ကိုကို​စောင့်​​နေ မီးဝတ်​ပြမယ်​ဆိုပြီး အခန်းထဲဝင်​သွားလို့ ​သ​ဘောကျ​စောင့်​​နေတုန်း ​လေး​လေး​ကဈေးခြင်းတစ်​ခြင်းနဲ့ ပြန်​​ရောက်​လာတယ်​။ ည​ဈေးသွားလိုက်​တာထင်​တယ်​။ ​ဈေးခြင်း​ပြေးဆွဲပြီး မီးဖို​ခန်း​ထဲ သယ်​သွား​ပေး​တော့

"သား Saint နိုး​နေတာ ​ရေမချိုး​သေးဘူးလား"

"ဟုတ်​ ချိုး​တော့မှာ​လေး​လေး"

"ချိုး​တော့မှာဆိုလည်း မြန်​မြန်​လုပ်​။ ​မှောင်​​နေပြီ။ ​ရေတစ်​ခွက်​​သောက်​ပြီးမှချိုး။ အကျီ​တွေ​လျှော်​မ​နေနဲ့​နော်​။ မနက်​ဖြန်​မှ​လေး​လေး​လျှော်​မယ်​"

"ဟုတ်​"

ပြီးပြီး​ရော ဟုတ်​ ပြီးလျှော်​စရာအဝတ်​​တွေ​လေး​လေးမမြင်​​အောင်​ပိုက်​ပြီး ​ရေချိုးခန်းထဲဝင်​ခဲ့လိုက်​တယ်​။
ကျွန်​​တော့်​တစ်​သက်​​လောက်​ မငြီးမညူ​စောင့်​​ရှောက်​လာတာ ဒီအရွယ်​​ရောက်​​နေပြီ အဝတ်​​လျှော်​​ပေးရတုန်းဆိုရင်​​တော့ မဟုတ်​​တော့ဘူး။ ​​ဘားကိုဖွင့်​ချလိုက်​​တော့ ​ရေ​တွေက​အေးစိမ့်​​နေတယ်​။ ကိုယ့်​အိမ်​ကိုယ့်​ယာဆို​တော့ အ​ဆောင်​လိုမဟုတ်​။ ​ရေလည်း ကြိုက်​သ​လောက်​ချိုးပဲ။

တစ်​​နေ့လည်​လုံးနွမ်းလာသမျှ ​ရေ​ပန်း​အေး​အေး​အောက်​​အားရပါးရဇိမ်ယူ​နေတုန်း အိမ်​​ရှေ့က

"Saint​ရေ ​လေး​လေး​ပြောတာလည်းနားမ​ထောင်​ဘူး။ ဘာ​တွေ​လျှောက်​ဝယ်​လာပြန်​တာလဲ"

ဆိုတဲ့ ​လေး​လေး​အော်​သံတစ်​ဝက်​တစ်​ပျက်​ကိုကြားလိုက်​ရ​တော့ ရယ်​ချင်​သွားတယ်​။ Nong.Yin တစ်​​ယောက်​​က​တော့ အကျီအသစ်​နဲ့ သူ့​မေ​မေ​ရှေ့​ရှိုး​လျှောက်​ပြ​နေပြီထင်​ရ။

ရေချိုးပြီး အိမ်​မှာကျန်​ခဲ့တဲ့ အရင်​ကအဝတ်​အစား​ပေါ့​ပေါ့ပါးပါးတစ်​စုံကိုထုတ်​ဝတ်​လိုက်​​တော့ ဘန်​​ကောက်​ကအ​ငွေ့အသက်​​တွေ​တောင်​လွင့်​သွားသလိုပဲ။ အဲလိုပဲ ဟိုလူကြီးပါလွင့်​သွားရင်​​ကောင်းမယ်​။ အိမ်​ပြန်​​ရောက်​လို့ ဘန်​​ကောက်​ကဘယ်​အရာကိုမှသတိမရ​ပေမယ့်​ အဲ့လူကြီးက​တော့ချွင်းချက်​။ ​နေ့လည်​ကအိမ်​မက်​ထဲမှာ​တောင်​ ​တွေ့လိုက်​​သေး။ ​နောက်​တစ်​​ယောက်​နဲ့ပါသွားတယ်​တဲ့။ ခရီးပန်းပြီးဘာ​တွေဂ​ယောင်​​ခြောက်​ခြားမက်​မှန်းမသိဘူး။

Oo' (Zawgyi + Unicode)Where stories live. Discover now