Part ( 1)
25.2K 875 3
Zawgyi
ကြည်လင်တဲ့ကောင်းကင် ပူလှတဲ့နေ ဖြာကျနေတဲ့ဆံပင် အနီရောင်အစက်များစွာကျနေတဲ့ကျောပြင် မျက်လုံးများမှထွက်ကျလာသောရေပေါက်ကလေးတွေနဲ့ အော်ဟစ်ငိုနေတဲ့ကောင်လေး အိမ်တော်ထဲမှာရှိတဲ့သူတွေ၁ယောက်မှဝင်မဆွဲခဲ့တာကြောင့် အားကုန်ပြီး လောကနဲ့အဆက်အသွယ်ပြတ်သွားသူလေးးးးး
ဖြာကျနေသောအလင်းများကြောင့် မျက်စိမှေးမှေးလေးဖွင့်လာသူ
"လျို့အော်!!
ဟုတ်တယ် ကောင်လေးနာမည်ကလျို့အော် ငယ်စဉ်ကထဲကမိခင်ကဆုံးပါးသွားပြီး ဖခင်ကအလောင်းအစားလုပ်ရင်းအကြွေးများလာတာကြောင့်ထွက်ပြေးသွားတယ်လေ အဲ့ဒါကြောင့်ကောင်လေးကို ချီအိမ်တော်ကအစေခံအဖြစ်ငယ်ငယ်ထဲကမွေးစားခဲ့တာလေ အခုသူ့အသက်ပ ၂၂ပဲရှိသေးပေမယ့် လုံးဝယောက်ျားရုပ်မထွက်ဘူး ဖြူဖပ်ပြီး ပစ္စည်းအလေးတွေလည်းမမနိုင်ဘူး အဲ့လိုမမနိုင်တာကြောင့် သခင်မကြီးရဲ့ အမြတ်တနိုးထားတဲ့ ပန်းအိုးကွဲသွားလို့အရိုက်ခံရတာလေ
"လျို့အော် သတိထားစမ်းပါ ငါဆေးတော့လိမ်းပေးထားတယ် တော်တော်နာမှာနော် သခင်မကမညှာတော့
"နာတာပေါ့ကွ ဒါပေမယ့်လည်း
"မင်းကိုက သေချာမကိုင်တာ
"ကျွန်တော်သေချာကိုင်ပါတယ် အိုးကချောလို့ ပြုတ်ကျတာကို
"မင်းပြောလိုက်ရင်အဲ့အတိုင်းပဲ
"ဟီး ဟီး
" ရယ်မနေနဲ့ဟိတ်ကောင်
"အင်းပါ အကိုဝူလင်ကလည်း
ဝူလင်ဆိုတာ လျို့အော်ရဲ့ ၁ယောက်ထဲသောသူငယ်ချင်း
သူကတော့ သူ့ အဖေ စီးပွားရေးကျလို့
ဒီမှာအလုပ်လာလုပ်နေတာပေါ့
ပြီးတော့သူက ကျွန်တော့ထက်အသက်လည်းကြီးတယ် 27လေ
"hehe
______________________
ထိုအချိန် စုန်းနန်းတော်ရှိ အိမ်ရှေ့အဆောင်မှလူတွေလည်း
ဟိုသွားဒီသွားလုပ်နေရတယ်
အကြောင်းကတော့ စုန်းတိုင်းပြည်ရဲ့ အိမ်ရှေ့စံ စုန်းထန်ဟောက်ကြောင့်ပေါ့