"ချစ်​​လေးရယ်​....သူ့ကို​ပြောမ​နေနဲ့...
Jinyoung Hyungကို သူအ​ဖြေ​ပေး​တော့မှာ
ထင်​တယ်​..."

"ဟင်​...Jin​ကဘယ်​လိုသိတာလဲ..."

SungWoonက အလိုမကျသလို နှုတ်​ခမ်းဆူကာ​ပြော​တော့ WooJinင ခါး​လေးကို ဖက်​လိုက်​ပြီး...

"သူ့ပုံစံကို ကြည့်​ပါလား...
အပျို​လေးက လူပျို​လေးကို အ​ဖြေ​ပေး​တော့မယ့်​ ရုပ်​နဲ့ဟာ...ဟား...ဟား"

"ဘာ...​သေနာ..WooJin​ကောင်​...
အပျို​လေးတဲ့လား?...မင်း​သေချင်​​နေပြီလား"

အ​ပြောအထိနာသွားတဲ့...DaeHwiခမျာ ရှုးရှုးရှဲရှဲဖြင့်​ ရန်​ပြန်​​တွေ့​နေတယ်​....

"ဟား...ဟား...ဟား...Lee Dae Hwi...
အပျို​လေး.."

JiHoonကလည်း DaeHwiကို စကာ ရယ်​​နေတယ်​...

ထိုစာသင်​ခန်း​လေးထဲဝယ်​...
ဒေါသထွက်​​နေသူ​လေးနှင့်​ ရယ်​​နေကြ​သော ​ကောင်​​လေး​သုံး​ယောက်​တို့်​ဖြင့်​ အခန်း​လေးဟာ ညံ​နေ​တော့တယ်​......




"ကျွန်​​တော်​တို့လာတယ်​...Hyung"

ဆိုင်​ထဲကို ဦး​ဆောင်​ကာ ဝင်​လာသူ​လေးက Lee Dae Hwi​ပေါ့....
အ​နောက်​က​နေ JiHoonဆက်​ဝင်​လာပြီး..
ဟိုအ​တွဲက​တော့...လက်​ဆွဲလျက်​ သာယာစွာ ဝင်​လာကြတယ်​....

"​အေး...လာကြ​လေ..က​လေး​တွေ....
ဟိုအ​ကောင်​Kuan Lin....
ငါ့ဆိုင်​က...မင်းရဲ့ အပန်း​ဖြေစရာ​နေရာမဟုတ်​ဘူး​နော်​"

စားဖိုခန်းထဲမှ ထွက်​လာ​သော JinYoungက
လက်​ကို ပုဝါဖြင့်​ သုတ်​​နေရင်း KuanLinကို မျက်​စပစ်​ပြကာ ​ပြော​တော့...JiHoonလည်း KuanLinအိပ်​​နေတဲ့ ​နေရာ​ပြေးသွားပြီး....

"ဟိတ်​....ကိုကိုလာအီ...ထ​တော့ဗျာ...
ကျွန်​​တော်​လာပြီ..."

စားပွဲခုံနှစ်​လုံးအား ဆက်​ကာ ဆန့်​ဆန့်​ကြီး အိပ်​​နေ​သော KuanLin...အင်း..အဲလုပ်​ကာ ထလာပြီး JiHoonကိုမြင်​​တော့ ဖက်​ကာ JiHoonရင်​ခွင်​ထဲ ​ခေါင်းမှီလိုက်​ပြီး...

"အိပ်​ချင်​​သေးတယ်​ကွာ...5မိနစ်​​လောက်
ဒီလို​လေး​နေ​ပေး...."

"Ok...ok...ထ...မအိပ်​ရဘူး..
တစ်​​နေကုန်​...ဒီမှာအိပ်​​နေတာမလား?
မသိခက်​မယ်​"

ရင်​ခွင်​ထဲမှ KuanLinကို တွန်းဖယ်​ကာ....
ရန်​​တွေ့​နေ​သော JiHoonကို KuanLinက ပြူးကြည့်​လာပြီး...

"ငြိုငြင်​တယ်​​ပေါ့​လေ...
ရပါတယ်​...ရပါတယ်​...
နောက်​မှ လက်​စားပြန်​​ချေမယ်​...Piggyစုတ်​"

"ဟုတ်​ပါပြီ...ခု​တော့ ထ​တော့...
ည​နေစာ စားကြမယ်​"

"ဟုတ်​ကဲ့ပါ"

ည​နေစာအတွက်​...JinYoungပြင်​ဆင်​ထားသမျှကို စားပွဲတည်​ခင်းပြီး
ဆိုင်​​ရှေ့ကို Openဆိုသည့်​ စာလုံး​လေးအား...
Closedအဖြစ်​​ပြောင်းလဲပြီး အလုပ်​သမား စာဖိုမှုး​တွေကိုပါ အလုပ်​ဆင်းခိုင်းပြီး ည​နေစာစစားကြတယ်​....

"​ကောင်​​လေး....Hwi​လေး"

ထမင်းစား​နေရင်းမှ ရုတ်​တရက်​ထ​ဖောက်​လာ​သော
JinYoung​ကြောင့်​ အားလုံးရဲ့ အကြည့်​​တွေက JinYoungဆီသို့...
DaeHwiမှာ​တော့...​ခေါင်းကြီးငုံ့ထားကာ...
အင်​တင်​တင်​လုပ်​​နေပြန်​တယ်​....

KuanLinတို့​ရော JiHoonတို့​ရော...
အ​ဖြေ​တောင်း​နေသည်​ကို သိ​နေသည်​မို့ စားလက်​စကို ရပ်​ကာ ထိုနှစ်​​​ယောက်​ကို ကြည့်​​နေကြတယ်​....

"ဘာ...ဘာလဲဗျာ"

"အ​ဖြေ​လေ...အ​ဖြေ​ပေး"

"ဟာ...ခင်​ဗျား​နော်​...သူတို့​တွေရှိ​နေတာကို..."

"မရဘူး​ကောင်​​လေး...အခုအ​ဖြေမ​ပေးရင်​...
ကိုယ့်​အချစ်​​တွေကို ရုပ်​သိမ်းလိုက်​​​တော့မှာ..."

မျက်​ခုံးပင့်​ပြကာ အ​ချေဆိုက်​ဖြင့်​ ​ပြောလာ​သော JinYoung​ကြောင့်​ DaeHwiမှာ ကြည့်​​နေ​သော အတွဲနှစ်​တွဲအားကြည့်​လိုက်​...JinYoungအား ကြည့်​လိုက်​ဖြင့်​ ​နောက်​ဆုံး​တော့...မျက်​လုံးစုံမှိတ်​ပြီး...
အော်​​ပြောလိုက်​တယ်​...

"ချစ်​တယ်​ဗျာ...ချစ်​တယ်​...တစ်​ကယ်​ပါပဲ"

"တစ်​ကယ်​​နော်​..."

"ခင်​ဗျား​နော်​..."

"အား...အရမ်းချစ်​တာပဲကွာ"

JinYoungထိုင်​​နေရာမှ ထလာပြီး DaeHwiကို ခါးမှချီကာ ဆွဲလှည့်​​နေတယ်​....
DaeHwiမှာ...ရှက်​ရှက်​ဖြင့်​ JinYoungရင်​ဘတ်​ကို လက်​သီးဆုပ်​​လေး​တွေဖြင့်​ ထု​နေတာ​ပေါ့....
အတွဲနှစ်​တွဲက​တော့....သူတို့ကို ကြည့်​ကာ..
တစ်​ဟားဟား ​အော်​ရယ်​လျက်​.......








ဇာတ်​လမ်းက...တစ်​အား​ပေါ့လာတယ်​​နော်​😓
နောက်​ပိုင်းကျ...Main Coupleကို အသား​ပေး​ရေးပါ့မယ်​...
အတွဲက​လေးတွဲ​တောင်​ဆို​တော့​လေ...
မြန်​မြန်​ဇာတ်​သိမ်းလိုက်​ရ​တော့မလား?

Baby Piggy (Completed)Where stories live. Discover now