"​ကောင်​​လေး....
မင်းဘာလို့...ငါ့ကို မုန်းရတာလဲ"

     JiHoonကို သနားစွာ လှမ်းကြည့်​​နေတဲ့ DaeHwiကို JinYoungက မီးဖို​ပေါ်က အသားကင်​​တွေကို လှန်​​နေရင်း...​မေးလာ​တော့...
DaeHwiလှည့်​ကြည့်​လာပြီး....

"မမုန်းပါဘူး....
ကြည့်​မရတာပါ...
မာနတစ်​ခွဲသားနဲ့မို့....ပြီး​တော့...
ပြိုင်​ပွဲကိစ္စက...."

"အဲ့တာ....မနာလိုသူ​တွေက...
လျှောက်​​ပြော​နေတာ...
ငါအဲ့လိုမျိုး...လာဘ်​ထိုးတာ​တွေ...
မလုပ်​ဘူး...
ပြီး​တော့...ငါ့မိဘ​တွေက
ဒီChefအလုပ်​ကို ​ရွေးလို့...
အိမ်​​ပေါ်ကနှင်​ချထားတာ...."

       အကြည့်​တစ်​ချက်​မှ မ​ပေးဘဲ....​ပြောလာတဲ့
JinYoungစကား​တွေကို....Dae Hwiမှာ
ပါးစပ်​အ​ဟောင်းသားနဲ့ ကြည့်​​နေပြီး...

"တ...တကယ်​လား?"

"မယုံရင်​....ငါ့သူငယ်​ချင်း​တွေကို..
သွား​မေးကြည့်​ပါလား?"

     ဒီတစ်​ခါ​တော့...အကြည့်​တစ်​ချက်​ ပြန်လွှတ်​ပြီး..
ပြောလာပြန်​တယ်​.....

"ပြီး...ပြီး​တော့...
ငါက...မာန မကြီးပါဘူး....
အပုတ်​ချ ​ပြောတတ်​တဲ့ လူ​တွေရဲ့...
အ​ပြောကို..
ကျင့်​သားရ​အောင်​....ခပ်​တည်​တည်​..​နေ​နေရတာပါ"

     DaeHwiရဲ့ မျက်​လုံး​တွေကို တည့်​တည့်​စိုက်​ကြည့်​လျက်​...​ပြောလာ​တော့..
Dae Hwiမှာ အူ​ကြောင်​​ကြောင်​ ရှက်​ကိုးရှက်​ကန်းနှင့်​ JinYoungရဲ့ အကြည့်​​တွေမှ ခွာလျက်​ အသားကင်​​တွေကို လက်​ညိုးထိုးကာ...

"တူး...တူးကုန်​မယ်​...မြန်​မြန်​...ကင်​..ကင်​​လေ"

"အဟက်​...ဟက်​"

     စကား​တွေထစ်​ကာ ​ပြော​နေတဲ့...သူ့​ရှေ့က အ​ကောင်​​သေး​လေးအား ကြည့်​ကာ ရယ်​လိုက်​ပြီး...
လက်​ထဲက ညှပ်​ဖြင့်​ အသားကင်​တစ်​ဖက်​ကို ညှပ်​ယူကာ  ပါးစပ်​နား​တေ့​ပေး​တော့..မျက်​လုံးပြူးပြတယ်​...

"စား​လေ...ကိုင်​ထားရတာ လက်​​ညောင်းတယ်

   JinYoung​ပြော​တော့မှ..အသားကင်​အား ကိုက်​ပြီး​စား​နေတယ်​....

"​ရော့...ဒီပုစွန်​ထုပ်​စား..."

"အွင်း...အွင်း"

Baby Piggy (Completed)Where stories live. Discover now