ကျိုး​မေ​မေရဲ့ ဒီအပြုအမူကို တစ်​​ယောက်​​စုံတစ်ယောက်က ​ရှာ​တွေ့သွားခဲ့တယ်​...အဲ့ဒီ​နောက်​ လာဘ်​​ပေးလာဘ်​ယူမှု,ဥပ​ဒေနှောင့်ယှက်​​မှု​တွေနဲ့ တရားစွဲဆိုခံရပြီး​တော့ အဖမ်းခံရသည်​။ ကျိုးဥက္ကဌက ​ထောင်​နန်းစံသွားရတယ်​...ထို့​နောက်​ 'ကျိုး'ဟာ ရုတ်​တရက်​ပရမ်းပတာအ​ခြေအ​နေထဲ ကျ​ဆင်းသွားပြီး​တော့ စ​တော့ရှယ်​ယာ​​တွေလဲ တ​နေ့ပြီးတ​နေ့ ထိုးဆင်းသွားသည်​။ ဒါ​တွေကို ပြန်​ပြီးအဖတ်​ဆယ်​ဖို့အစီအစဉ်အရ ​ကုမ္ပဏီအလုပ်​မှု​ဆောင်​အဖွဲ့ဝင်​​တွေက ဂိမ်းအသစ်​အတွက်​ သတင်းစာရှင်းလင်းပွဲတစ်​ခုကို မြန်​မြန်​ကျင်းပလိုက်​တယ်​...ဒါ​ပေမယ့်​ ဖန်း​ကျစ်​​ဖေးက သူတို့ကို မူပိုင်​ခွင့်​ချိုး​ဖောက်​မှုနဲ့ တရားရုံးသို့ ဆင့်​​ခေါ်ခဲ့သည်​။

နာမည်​ပျက်​​​တွေ၏ လွှမ်းမိုးမှု​ကြောင့်​ တရားစွဲဆိုမှု​တွင်​လုံးလုံးလျားလျား ရှုံးနိမ့်​ခဲ့ရတယ်​...ထို့နောက် ကျိး​မေ​မေနဲ့ ကျိုးယွင်​ရှန့်​တို့ ထောင်​ကလွတ်​လာတဲ့အခါမှာ​တော့ 'ကျိုး' ကို ဖန်းကျစ်​​ဖေးက ဝယ်​သွားခဲ့ပြီ။ ဖန်းခွန်းဖိန်​ က ကျိုး​မေ​မေနဲ့တရားဝင်​ကွာရှင်းခဲ့တယ်​...​သူက သူမကိုနှစ်​​ပေါင်းများစွာသည်းခံ​ပေါင်းသင်းလာခဲ့ပြီးပြီ မိနစ်​တိုင်း,စက္ကန့်​တိုင်းမှာ သူမကို မြင်​ရတာ သူ့အတွက်​​ အော့နှလုံးနာစရာ​ကောင်းလှတယ်​ဟုပင်​ ​ပြောခဲ့​သေးသည်​။

ကျိုး​မေ​မေက သူမ​ထောင်​မှ ထွက်​လာပြီးတဲ့​နောက်​ သူမ​ယောက်ျားအ​ပေါ်မှာပဲ မှီခိုရ​တော့မယ်​ဟု ​တွေးခဲ့​ပေမယ့်​ သူမ​ယောက်ျားနဲ့ သူ့တရားမဝင်​က​လေးတို့က ဒီအဖြစ်​ဆိုးအားလုံးရဲ့ တရားခံလက်​သည်​ဖြစ်​​နေတယ်​ ဆိုတာကိုပဲ သူမသိခဲ့ရတယ်​။ သူမ စိတ်​ဓာတ်​​တွေအကြီးအကျယ်​ကျဆုံးသွားပြီး​နောက်​ သူမဟာ 'ကျိုး'နည်းပညာ၏ အ​ပေါ်ဆုံးထပ်​က​နေ ခုန်​ချသွားခဲ့သည်​။

ကျိုးယွင်​ရှန့်​ ​ထောင်​မှလွတ်​လာပြီး​နောက်​ system က သူ့ကို​နောက်​ထပ်​တာဝန်​တစ်​ခု လုပ်​​ဆောင်​ခိုင်းခဲ့တယ်​...သူက ဖန်းကျစ်​​ဖေးနဲ့မုန့်ဝမ်​ကို ကားနှင့်​တိုက်​သတ်​ရမယ်​ဟု ​ပြောခဲ့သည်​။ အဲ့ဒီအချိန်​မှာ သူ မတ်မတ်ရိုင်းရိုင်းဆဲချင်​ခဲ့မိတယ်​...လက်​စား​ချေဖို့  နည်းလမ်း​တွေအများကြီးရှိတဲ့အထဲကမှ ဘာလို့ဒီရူး​ကြောင်​ကြောင် ​​နည်းလမ်းမျိုးကို သူအသုံးပြုရမှာလဲ? သူ code အနဲငယ်​နှင့်​ပရိုဂရမ်​​တွေ ဆွဲပြီး​တော့ 'ကျိုး'နည်းပညာကို ပြန်​လည်​ထူ​ထောင်​လို့ရနိုင်​တာကို ဘာလို့ သူ့​ခေါင်းကိုသူရိုက်​နှက်​ပြီး သူ့ဘဝကိုပျက်​စီး​စေရမှာလဲ?

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now