2

38 5 0
                                    

Busကားမှတ်တိုင်တွင် ကားစောင့်နေရင်း တိတ်ဆိတ်သောအခြေအနေကိုဖြိုခွင်းလိုက်သူက
Kun hyungဖြစ်သည်

"Jungwooမင်းကြိုက်နေတဲ့
ကောင်လေးကဘယ်သူလဲ.."

ထိုသို့မေးလာမည်ကိုသိပြီးသားမို့ မနက်ကတည်းကမည်သို့ဖြေမည်ကို
စဉ်းစားပြီးသား..

"ကျွန်တော် အဆင်သင့်ဖြစ်တဲ့နေ့ပြောပြမယ်..."

"အင်း...အင်း"

Hyungသည် သူတစ်ပါးမဖြေချင်တဲ့အရာကို
အတင်းအကြပ်မမေးတတ်တဲ့သူမို့
အဆင်ပြေသည်

Busကားပေါ်တွင်လည်းခါတိုင်းကဲ့သို့ပင် သီချင်းနားထောင်ကာ ဘာတစ်ခွန်းမှမပြောဖြစ်ချေ။
ကျောင်းရောက်တော့လည်းHyungကို
Professor Jong phဆက်လှမ်းခေါ်တာမို့
Professor jongရဲ့ရုံးခန်းသို့သွားလေသည်

THE TRIANGLE

" Professor Jong ကျွန်တော်ရောက်ပါပြီး"

"အေး လာKun"

Professor Jong၏ရုံးခန်းထဲတွင် အရပ်ရှည်ရှည်နဲ့အခြားကောင်လေးတစ်ယောက်လည်းအတူရှိလို့နေသည်

"Kun သူက Wong Yukhei ....
Students'Unionကရွေးထားတဲ့ 1st yearတွေရဲ့ ဥက္ကဠ"

"တွေ့ရတာဝမ်းသာပါတယ် Medical 1st yearကWong Yukheiပါ Sambae nim"

"ငါက
Aerospace-Propulsion and Flight Vehicles 4th yearက Qian Kunပါ"

"Yukheiကိုကူညီပေးလိုက်ပါKun
သူလည်းChineseဖြစ်တာမို့Fresher Welcomeကို
မင်းနဲ့အတူတူလုပ်တာပိုအဆင်ပြေမယ်လို့ငါထင်တယ်"

"ဟုတ်ကဲ့ပါ Professor"

THE TRIANGLE...

Canteenတွင် hyungကိုလိုက်ရှာသော်လည်း
ရှာမတွေ့ Ten hyungနဲ့Doyoung hyungတို့ကိုပဲတွေ့တာမို့
သူတို့ကိုHyungဘယ်မှာလဲလိုသွားမေးရမည်

"Hyung တို့ Kun hyungရော canteenကိုဘာလို့မလာတာလဲ"

"မင်းhyungက Yukheiကိုကူညီပေးနေရတယ်
အခုလည်းYukheiကငါတို့Department ကcanteenကိုမလာတတ်လို့ မင်းHyungကသွားခေါ်နေတာ"

သိပ်တော့ဘဝင်မကြ ပါးစပ်ရွာရောက်တဲ့
ဟိုမေးဒီမေးနဲ့လာတာမဟုတ် .....

"ဟိုမှာလာကြပြီ"

Doyoung Hyungညွှန်ပြရာနေရာကိုကြည့်လိုက်တော့ စကားတွေဖောင်ဖွဲ့ရင် ရယ်မောရင်းနဲ့လာနေကြတဲ့
နှစ်ယောက်...

The TriangleWhere stories live. Discover now