"သွားမှာ...မင်းနဲ့ နေကိုမနေချင်တာ..ရှင်းလား"
Kangလည်း အခန်းထဲကထွက်လာပြီး...
ပြန်ရန် တံခါးနားရောက်မှ ဖိနပ်ကိုကြည့်မိတော့...
Ji Hoonရဲ့ ဖိနပ်လည်း ရှိနေသည်မို့...ပြန်ခေါ်ရန် အိမ်ထဲ ခြေဦး ပြန်လှည့်ရပြန်တယ်...
မခေါ်လာရင်..အဒေါ်နဲ့ဦးလေးက ဆူအုံးမယ်လေ...
အိမ်ထဲပြန်ဝင်လာရင်း JiHoonကို ခေါ်မယ်ဆိုပေမယ့် ဘယ်အခန်းဝင်ခေါ်ရမှန်း မသိတာကြောင့် အခန်းရှာနေတုန်း အနောက်ကပြေးဝင်လာတဲ့ Ongကို သတိမထားမိ...
Ongရဲ့ လက်ထဲမှာက ဒယ်အိုးကြီးနဲ့...
ထိုဒယ်အိုးရဲ့ ဦးတည်ရာနေရာက...
Kangရဲ့ ခေါင်းဆီသို့...'ဒေါင်'
"သေစမ်း..အကောင်စုတ်..
ငါ့များ ခေါင်းအုံးနဲ့ပေါက်ပြီး မာမာထန်ထန်ပြောရတယ်လို့...
ဒင်းစုတ်သေ..."ဒယ်အိုးလက်ချက်နဲ့....မေ့လျော့နေသော
Kangအားကြည့်ကာ ပစ်ပစ်နှစ်နှစ်ပြောနေတုန်း...
အပေါ်ထက်က...JiHoonဆင်းလာတော့..."ဟိတ်..ကောင်လေး..
ဒီက..မင်းရဲ့...
Puppyကောင်ကြီး..ခေါ်ပြီးပြန်တော့..."ဒယ်အိုးတရမ်းရမ်းနဲ့ ခါးကြီးထောက်ကာ ပြောနေသော Ongကြောင့် JiHoonလည်း လန့်ကာ မေ့လဲနေသော Kangကို ကုန်းပိုးလိုက်ရင်း
"N..nae...ပြန်ပါတော့မယ်ဗျ"
"သွား...သွားကြ...ကျက်သရေ မရှိတဲ့ Puppyကောင်ကြီး"
အိမ်ထဲက ထွက်ခွာသွားသော..
ညီအကိုနှစ်ယောက်ကို..နှာတမှုတ်မှုတ်..
နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့နေသေးသော
ကောင်လေးတစ်ယောက်...
Flash Back End...အတွေးများကို ရပ်စဲလိုက်ရင်း ခေါင်းပေါ်က ခေါင်းစွပ်ကိုချွတ်ကာ ခွဲစိတ်ခန်းဝတ်စုံပေါ် ဂျူတီကုတ်
ထပ်ဝတ်ရင်း ဆေးကောင်တာဘက်ဆီသို့် ထွက်လာခဲ့တယ်...."ဆရာမKim...ဒီဆေးတွေ လိုနေတယ်...
ဆေးထပ်မှာဖို့ကို စီမံခန့်ခွဲရေးအဖွဲ့ကို ပြောပေးပါအုံးနော်..."
"ဟုတ်ကဲ့..ဆရာKang"လက်ထဲက စာရင်းစာရွက်တွေကို လှန်လှောကာ စစ်ဆေးနေတုန်း...ဂိတ်ပေါက်ဆီမှ ပြေးဝင်လာသော ကောင်လေးတစ်ယောက်...
နီးလာမှ သေချာကြည့်မိတော့...အုန်းသီး...အူယားဖားယားဖြင့် ကောင်တာဆီ ပြေးလာပြီး
ကောင်တာနားရောက်တာနဲ့ Kangကို ကျော်ကာ
Nurseဆရာမအား ပြောနေတယ်..."ကျွန်..ကျွန်တော်က MuYoungဆေးရုံကပါ..
သွေးလိုနေလို့...ဒီဆေးရုံကို သွေးတောင်းထားလို့..
အဲ့တာလာယူတာခင်ဗျ"
"အာ..ဟုတ်ကဲ့..ဆရာ..ဒီမှာပါ"သွေးထုပ်အချို့ထည့်ထားသော ဗုံးလေးကို ပိုက်လျက် ပြန်ပြေးရန် ပြင်နေသော Ongကို Kangက လက်မှဖမ်းဆွဲလိုက်တော့ အတင်းရုန်းကာ
အော်ဟစ်နေတယ်..."ဟာ...ဘာလဲဗျာ...
လွှတ်စမ်း...ဒီမှာ အရေးကြီးနေရတဲ့ ကြားထဲ"Ongရုန်းနေရင်း လှည့်ကြည့်မိတော့...
Puppyကောင်ကို မြင်လိုက်ရသည်မို့...လန့်ကာ
အော်လိုက်မိတယ်..."Puppyကောင်ကြီး...လွှတ်စမ်း...ငါအရေးကြီးနေတယ်ကွ"
ထိုသို့အော်တော့...Nurseမအချို့နဲ့ ဆရာဝမ်အချို့က လှမ်းကြည့်လာတယ်...
ဟုတ်သည်လေ...အခြားဆေးရုံကလည်းလာသေး..
အထူးကုဆရာဝန် အဖွဲ့မှုးတစ်ယောက်ကိုလည်း လာအော်ဟစ်နေသည်မို့....
Ongလည်း Kangရဲ့ ရင်ထိုးမှ ရာထူးကို ဖတ်မိတော့မှ အနည်းငယ် ရှိန်သွားကာ..."ဟို...အဖွဲ့မှုးဒေါက်တာကြီးရယ်...
လွှတ်ပါနော်...ကျွန်တော်ပြန်မရောက်ရင်...
ဟိုကလူနာက သေလိမ့်မယ်ဗျ"
"Ong Seung Woo..
အစမ်းခန့် ဒေါက်တာ အဆင့်ပဲ ရှိသေးတယ် ထင်တယ်
သွားတော့...."လက်က်ုလွှတ်ပေးလိုက်တာနဲ့...လေအလျင်လို ပြေးထွက်သွားတဲ့ Ongကို လှမ်းကြည့်ုပြီး Kangရယ်နေမိတယ်...
"ဟ..ဟ...ခုမှ အစမ်းခန့် ဒေါက်တာလေးပေါ့..
ပြီးတော့ MuYoungဆေးရုံကဆိုတော့...
Okပြီလေ...ဟ...ဟ"တစ်ယောက်ထဲ လက်ခုပ်တီးလျက် ရယ်မောနေသော Doctor Kangကို ကောင်တာမှ Nurseမလေးတွေက အူတူတူနဲ့ လှမ်းကြည့်နေကြတယ်......
Update✌
မျှော်နေကြလား😅
ဆရာဝန်လေးတွေနော်Ongnielက😁
နောက်တစ်ပိုင်းpanwinkလာမည်😄
မျှော်နေမှာလား?😗
မျှော်နေကြောင်းသက်သေပြချင်ရင်
Starလေးတွေပေးခဲ့ပါ😙🌟
![](https://img.wattpad.com/cover/152062680-288-k619393.jpg)