"နင်​ကလည်းပွစိပွစိနဲ့
ရှေ့မှာ​ရောက်​ဘဲ​ရောက်​​တော့မယ်
မပူနဲ့ နင်​လင်​မရမှာ
နင့်​ကိုငါကိုယ်​တိုင်​ရှာ​ပေးမှာ"

"ဘယ်​သူက​ပြောလဲ ငါလင်​ယူမယ်​လို့"

"ဟမ်​...ဒါဆို"

"ငါ မမ​နွေကိုယူမှာ"

"ဘာ...."

"ဘာဖြစ်​တာလဲဟဲ့ အလန့်​တကြား"

"သွားနင်​ငါ့ဆိုင်​ကယ်​​ပေါ်ကဆင်း​တော့
ငါ့မမကို..နင်​"

"ရတယ်​​လေ ဆင်းဆိုလည်းဆင်းတာ​ပေါ့
သွားပြီ"

အမြင်​ကတ်​ကတ်​နဲ့ဆင်းလာ​ပေးခဲ့လိုက်​တယ်
သူ့ဆိုင်​ကယ်​မစီးရလည်းဘာဖြစ်​လဲ
ကျောင်းထဲဘဲ​ရောက်​​နေပြီဟာကို...
ရှေ့မှာ...မမ​နွေပါလား

"ဟဲ့ လူလိုမသွားဘဲ
ဝင်​တိုက်​သွားရလား မသာ​ကောင်​"

"နင်​ကိုငါ​ပြောပြီးပြီ​နော်
မမ​နွေဆိုတာ ငါ့အတွက်​ဘဲ"

မသာကြီး ငါ့အတွက်​ကျဘယ်​သူ့မှမစဉ်းစား​ပေးကြဘူး
ခုလည်းကြည့်
နောက်​က​နေ​အော်ပြီးေ​ပြးသွားတာတန်း​နေတာဘဲ
မမ​နွေကလည်း
သူ့ကိုမြင်​တာဘာလို့ပြုံး​နေတာလဲ
အား.........

"ဟဲ့ ယွန်း ဘာရပ်​လုပ်​​နေတာလဲ"

အသံကြားတာနဲ့
သားသားမှန်းသိ​ပေမဲ့
သေချာ​အောင်​လှညိ့ကြည့်​လိုက်​​တော့
ဆရာပါအတူတူပါလာတယ်
သူတို့အတွဲလည်း
ထူးထူးဆန်းဆန်း
ကျောင်းအ​စောကြီးဘာလာလုပ်​ကြတာပါလိမ့်
မေးရင်​​ကောင်းမလား​တွေးလိုက်​​ပေမဲ့
မေးကြည့်​ချင်​စိတ်​မရှိတာမို့
ပါးစပ်​​လေးပိတ်​ပြီး
ကန်​တင်းကိုတန်း​နေ​အောင်​လမ်း​လျောက်​သွားလိုက်​တယ်

"ယွန်း နင်​ဘာမှာမှာလဲ"

"ထုံးစံအတိုင်းဘဲ"

ယွန်​​ရောဟုတ်​ရဲ့လား
အရင်​ကဒီချိန်​ဆိုစကား​တွေများလို့
ခုတအားငြိမ်​​နေတယ်
ဘာဖြစ်​လို့ပါလိမ့်
ယွန်းမပီသလိုက်​တာ

"ကိုကို​ရော ဘာမှာမလဲ"

"က​လေးမှာတာဘဲ"

အချစ်ဆုံးသာဖြစ်ခွင့်ပေးပါحيث تعيش القصص. اكتشف الآن