စားနေတာက မြိန်၇ှက်စွာ နဲ့။ သူစားပုံက နောက်ထပ် နှစ်ယောက်မ၇ှိနိုင်ဘူး။ ပြီးတော့ သူများအကျန်လဲ စားနိုင်သေးတယ်။ 😱😖

သူစားနေပုံက နတ်သုဒ္ဓါ လို အ၇မ်းအ၇သာ၇ှိတဲ့ အစာကို စားသောက်နေပုံမျိုး သူတပါးကို ခံစား၇စေတယ်။ ပြီးတော့ ကြည့်နေ၇င်း တောင်မှ သူတပါးကို ဆာလောင်လာစေအောင် တတ်စွမ်းနိုင်တယ်။

ဒါကြောင့် ယွမ်ဆွေဖုန်း ကမြင်းပေါ်တက်လိုက်ပြီး ခဏ မကြာခင်မှာပဲ စိတ်မထိန်းနိုင်စွာ ခေါင်းငုံ့ပြီးပေါက်စီကို တကိုက်ခိုးစားလိုက်တယ်။ တကယ့်ကိုပဲ ဂျုံသားတွေက နူးညံ့နေတာပဲ။
ပြီးတော့ ပေါက်စီ ထဲထည့်ထားတဲ့ အစာပလာတွေကလဲ အ၇မ်း အ၇သာ၇ှိတယ်။
ဒါနဲ့ပဲ အကုန် သူ စားလိုက်တယ်။

ကျောက်ယိလီက ဆွေဖုန်း ပေါက်စီ ခိုးစားတာ မြင်ပေမယ့် စကားတခွန်းမပြောဖူး။ ဆွေဖုန်း ၇ှက်သွားမှာစိုးလို့။ ကျောက်ယိလီက စင်ကြယ်ပြီး ဖြူစင်တဲ့ အပြုံးတခုကိုသာ နှုတ်ခမ်းမှာ ချိတ်ဆွဲပြီး မြင်းပေါ်က နေပြီး ကျောက်ယွင်ချီ မြင်းပေါ် တက်လာနိုင်အောင် ကူညီပေးနေတယ်။ ပြီး သုံးယောက်သား အတူ ယန်းလေးပေါင် ကို ပြန်သွားတယ်။

ဘုံကျောင်းက နေထွက်လာပြီး ယန်းလေးပေါင် ကိုေ၇ာက်ဖို့ဆို လမ်းမှာ တောအုပ်ငယ် တခုကို ဖြတ်သန်း၇တယ်။ တောအုပ်လေးကို ၀င်စမှာပဲ ဘော်ငွေေ၇ာင် တောက်ပပြီး လင်းလက်တဲ့ လက်နက်ပုံးတွေ က သူတို့ဆီကို ပျံသန်းလာတယ်။

ယွမ်ဆွေဖုန်း ချက်ချင်းပဲ မြင်းပေါ်က ခုန်ဆင်းကာ တဆက်တည်း လက်ဆန့်တန်းလို့ ယွင်ချီ၇ဲ့ ဂုတ်က အင်္ကျီစကိုပါကိုင်ပြီး ခပ်ကြမ်းကြမ်းပဲ မြေပေါ် ဆွဲချသွားတယ်။ ယွင်ချီ ကတော့ မြေပေါ်ကျသွားတာ ချက်ချင်း ပြန်မထနိုင်၇ှာပဲ နာလို့ ညည်းနေတယ်။ တချိန်ထဲမှာပဲ ကျောက်ယိလီလဲ မြင်းပေါ်က ခုန်ဆင်းပြီး ညည်းငြူနေတဲ့ ကျောက်ယွင်ချီေ၇ှ့ ၇ပ်လိုက်တယ်။

ကျောက်ယိလီ၇ဲ့ သိုင်းပညာက အတော့်ကို အထင်ကြီးလောက်အောင် ကောင်းတာ သိပေမယ့် အဲဒီ လအ က ကျောက်ယိလီရဲ့ အ၇ှုပ်ထုတ် မဖြစ်စေဖို့ ဆွေဖုန်း မျှော်လင့်နေတယ်။ ဒီကြေးစား တွေကို ယိလီ ထိန်းနိုင်လောက်ပါတယ်။

Idiot Seme Where stories live. Discover now