အဲ့ဒီအခိုက်​မှာ တံခါး ဘဲလ်​က မြည်​လာတယ်​...သက်​​တော်​​စောင့်​တစ်​​ယောက်​က သွားပြီး တံခါးသွားဖွင့်​သည်​။

"Hello...မစ္စတာကျိုး" သူ့ကြည့်​ရတာ နဲနဲပျာယီပျာယာဖြစ်​​နေသလားလို့...သူတို့ခုန​လေးတင်​မှ ခွဲလာတာမဟုတ်​ဖူးလား?

"Hi...မင်းတို့ Boss ကို လာရှာတာ" ကျိုးယွင်​ရှန့်​ အိပ်​ခန်းထဲကို ​ချောင်းကြည့်​လိုက်​သည်​။

"အထဲကိုကြွပါ" သက်​​တော်​​စောင့်​က ဖိတ်​​ခေါ်ခဲ့ပြီး​တော့ ​ဘေးသို့ဖယ်​​ပေးလိုက်​တဲ့အခါ...ထိုအမျိုးသား​လေးလက်​ထဲမှ နှင်းဆီပန်းအနီ​ရောင်​ပန်းစည်းကြီးကို သတိထားမိတယ်...ထို့​နောက်​ သူ ​တော်​​တော်​​လေးကို​​ဆလံတသွားသည်။ မစ္စတာကျိုးက Y city ရဲ့ ထူးချွန်​​ပြောင်​​မြောက်​​သော *Casanova တစ်​​ယောက်​ဖြစ်​သင့်​ပါတယ်​...သူ့ရဲ့အမဲလိုက်​နည်းလမ်း​တွေက အရမ်းကိုအံ့အားသင့်​စရာ​ကောင်းတယ်​။

"ဘာလို့​ဒီကိုမင်း ရောက်​လာပြန်​တာလဲ?" ရီကျန့့်​ရဲ့ဝင်​သက်​ထွက်​သက်​တိုင်းမှာ အရက်​နံ့သင်းသင်း​လေး ရနေတယ်။

ရီကျန့်​ရဲ့အင်္ကျီအပြင်​ဘက်​က​နေ ​ချောင်းကြည့်​လိုက်​တဲ့တခဏ ကျိုးယွင်​ရှန့်​ရဲ့အခိုးအ​ငွေ့​တွေလျှံထွက်​​နေတဲ့ အကြည့်​စူးစူး​တွေက သူ့ရင်​ဘတ်​ကြွက်​သား​တွေ​ပေါ် တဝဲလည်​လည်​ဖြစ်​​သွားတယ်​...အဲ့ဒီ​နောက်​သူ(ZYS)က ပုံမှန်​အတိုင်းပဲ သွားပြီး​တော့ ထိုသူ ရင်​ခွင်​ထဲ​ထိုင်​​လိုက်​တယ်​... ချက်​ချင်းဆိုသလိုပဲ သူတို့​တွေရဲ့အကွာ​အ​ဝေးက နီးကပ်​သွားတယ်​။

"ကျ​နော်​ ဒါကို​ပေးဖို့​မေ့သွားလို့" သူ ပန်း​တွေကို ရီကျန့်​လက်​ထဲ ထည့်​လိုက်​တယ်​။

"Beach Rose အစားဘာလို့ China Rose လဲ? ပိုက်​ဆံကုန်​မှာ စိုးလို့လား?" ရီကျန့်​ သူပုံစံက သဝန်​တို​နေတဲ့​လင်​​တစ်​​ယောက်​လို ဖြစ်​သွားသလားလို့။ သူ ထိုလူငယ်​​လေးကို စကား​ပြောလိုက်​တဲ့အခါတိုင်းမှာ...မ​တွေးတက်​​အောင်​ကို သူ့ခံစားချက်​​တွေ လွှတ်​လွှတ်​သွားသည်​။

"ဒီ​နှင်းဆီက ကျ​နော်​တို့သ​င်္ကေတပဲ. အနီ​ရောင်​ China Rose ရဲ့ အဓိပ္ပါယ်​ကို ခင်​ဗျားသိလား?" ကျိုးယွင်​ရှန့်​ သူ့ချစ်​သူရဲ့မျက်​လုံးထဲထိ စိုက်​ကြည့်​လာတယ်​...သူ့အကြည့်​​တွေက ​လေးနက်​တဲ့အသွင်​​ဆောင်​တယ်​။

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now