"ကိုကိုလာအီ....ကျွန်တော့်ကို စောင့်အုံးလို့"
"1...2...အား"
ပန်းခြံလေးထဲက အားကစားလုပ်သည့်နေရာတွင်
ရှိသော ဘားတန်းအား Kuan Linက ခိုနေသဖြင့်
သူပါ မရမက အတင်းတွက်တက်ကာ ခိုနေခြင်း...ဟိုဂလန့်ဂလားက...ခိုနိုင်ပေမယ့် သူ့ခမျာ အရပ်ကပုတော့ မမှီတမှီ ခိုနေရသဖြင့် လက်ဖဝါးလေးတွေပင် နီရဲနေရှာတယ်....
"ဟင့်...ကိုကိုလာအီ...ကျွန်တော့်လက်တွေ နီနေပြီ
လာကြည့်ပါအုံး"မတတ်နိုင်သည့်အဆုံး မြေကြီးပေါ်ထိုင်ချကာ
နီရဲနေသော သူ့ရဲ့ လက်ဖဝါး ဖောင်းဖောင်းလေးတွေအား ရှေ့ထိုးပြနေပေမယ့် အဖတ်မလုပ်သူKuan Lin...
ဘားတန်းကို မတွေ့ရတဲ့ သူ့သူငယ်ချင်းများ မှတ်နေလားမသိ ခိုနေလိုက်တာများ မြေကြီးပေါ်ပင် ခြေထောက်မရောက်ရှာ...."56...57...5...အား...မင်းလုပ်လို့ နံပါတ်တွေ ရေတာ ရောကုန်ပြီကွ မင်းဘာဖြစ်ချင်နေတာလဲ"
စိတ်မရှည်စွာ အော်ဟစ်ရင်း JiHoonနား လျှောက်လာကာ လက်ကနေဆောင့်ဆွဲခေါ်လိုက်ရင်း
Mini Marketဆီသို့...."အ...အ..စပ်တယ် ဖြည်းဖြည်း လေလေးနဲ့မှုတ်...
ညင်ညင်သာသာလေး ဖြည်းဖြည်း"သူ့လက်တွေ နာလှပါချည်ရဲ့ ဆိုသဖြင့် ဆေးလိမ်းပေးပါတယ်...ပါးစပ်က အငြိမ်မနေ တတွတ်တွတ်ဖြင့်...အဒေါ်ကြီးတွေ ငြီးတွားသလို ငြီးတွားနေသော ငှက်သိုက်မုန့်အား ပေစောင်းစောင်း ကြည့်လိုက်ရင်း ခုံပေါ်မှ ပလာစတာအား ဆတ်ခနဲ ဆွဲယူကာ ခွာလိုက်ပြီး သူ့လက်ပေါ် ဖတ်ခနဲ ကပ်ပေးလိုက်တော့ အော်ပါလေရော....
"အား....နာတယ်ဗျ...ခင်ဗျားနော် သူ့အသားမဟုတ်တိုင်း"
နှုတ်ခမ်းပိစိအား စုလိုက်ချွန်လိုက်ဖြင့်ပြောနေသဖြင့်
ရှေ့ထော်ထွက်နေသော နှုတ်ခမ်းနှစ်ခုအား လက်ဖြင့်ဆွဲယူပြီး...