ONE

63.6K 2.3K 184
                                        

[UNICODE ]

"ဘာလာရှုပ်တာလဲ"

မေးတာကိုချက်ချင်းမဖြေဘဲ သူ့ကားသူနောက်ကျောမှီရပ်ထားရင်းက ခေါင်းမော့ကာ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်တဲ့ ဂျောင်ဂုအား ထယ်ယောင်း စိတ်မရှည်တော့။ ကားပါကင်ရဲ့ ထင်သာမြင်သာနေရာတိုင်းမှာ ပြူးနေအောင်ချိတ်ဆွဲထားတဲ့ "NO SMOKING" စာတန်းတွေသာ စကားပြောတတ်ရင် သူ့ရှေ့ကဂျွန်ဂျောင်ဂုကို ဝိုင်းဆဲနေ​လောက်ပြီ။

"အဲ့လောက် လုပ်ထားတာတောင် ခြေခိုင်ခိုင်ရပ်နိုင်သေးတယ်နော် ၊ ခင်ဗျားရဲ့ ခံနိုင်ရည်ကိုတော့ လေးစားတယ်"

"လေးစားရင် ထိုင်ကန်တော့လိုက်!"

ထိုစကားအဆုံး မျက်နှာနားတိုးကပ်လာကာ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်သူကြောင့် သူ့မှာ ချောင်းတဟွတ်ဟွတ်။ သီးပါသီးသွားတာမို့ မျက်ရည်က ချက်ချင်း ဝဲတက်လာသည်။

"အဖြစ်သည်းပြမနေနဲ့ ၊ ဒီနားမှာ ခင်ဗျားကို သနားမယ့်လူ တစ်ယောက်မှမရှိဘူး"

"ကျုပ်ကလွဲပြီး" ဆိုတာကိုတော့ သူတမင် ချန်ထားခဲ့လိုက်တာ ။ ဆေးလိပ်ငွေ့နဲ့ထိလို့ မျက်ခုံးတန်းလေးတွေကျုံ့သွားတာနဲ့ တခြားတစ်ဖက်ကို မျက်နှာလွှဲလိုက်တာပါပဲ ။ ဂင်မ်ထယ်ယောင်းကိုက အထိမခံရွှေပန်းကန် ဖြစ်နေတာတော့ သူလဲမတတ်နိုင် ။

"မင်းအခုချိန် ကုမ္ပဏီမှာရှိနေရမှာမဟုတ်ဘူးလား ဂျောင်ဂု"

"ကျုပ်တစ်ရက်လေး အလုပ်မသွားလို့ ကုမ္ပဏီက ဒေဝါလီခံမသွားဘူး စိတ်ချ ..တစ်လောကလုံး စီးပွါးကပ်ဆိုက်သွားရင်တောင် ကျုပ်က ခင်ဗျားကို တင့်တောင်းတင့်တယ် ထားနိုင်နေဦးမှာ"

"ခင်ဗျားအစ်မကို.. လို့ပြော"

ထိုစကားကြောင့် ပါးစောင်ကိုလျှာနဲ့လှန်ထိုးလိုက်ပုံက မသိရင်ကိုယ်ကပဲ မဟုတ်တန်းတရားတွေ လျှောက်ပြောနေသလိုလို။

"အခုတစ်ယောက်ကရော ဘာဇယားလဲ ၊ One night stand?"

"မင်းမျက်စိကို အောကားကြည့်ဖို့လောက်ပဲ သုံးတာထင်တယ် ၊ နေ့ခင်းကြောင်တောင်ကြီးမှာ ဘယ်သူက One night stand နဲ့ ဒိတ်မှာလဲ"

DEBT S1 [ COMPLETED ]Where stories live. Discover now