"စာ​ရေးဆရာ​လေး....အဆင်​​ပြေရဲ့လားဟင်​ နဖူးကနာ​နေ​သေးလား"

Kuan Linအနား အ​ပြေးသွားကာ စိုးရိမ်​​ပေး​နေတဲ့ အ​မေဖြစ်​သူအား JiHoonက....

"Ommaရယ်​...အ​အေးဗူး​လေးနဲ့ ရိုက်​မိတာပဲ
သေမသွားပါဘူး...ပြီး​တော့..ဟို စာ​ရေးဆရာလူကြီး..
အက်​ထဝက် လာအီဆိုလား..ဘာဆိုလား..
ခင်​ဗျားနိုးလာပြီဆိုလည်း ပြန်​​တော့ဗျာ...."

JiHoonအ​ပြော​ကြောင့်​ KuanLinက
ထိုင်​​နေရာမှ ​မော့ကြည့်​လာပြီး...

"ဘာ...မင်းဘယ်​လို​ပြောလိုက်​တယ်​...ဒီမှာ...
မင်းဘက်​ကလည်းမှား​သေး...​ပြောတာက ရင့်​လှချည်​လားကွ ဟမ်​!"

Kuan Linအ​ပြော​ကြောင့်​ JiHoonမျက်​လုံး​လေး ကလယ်​ကလယ်​လုပ်​ရင်း
နှုတ်​ခမ်း​ထော်​လျက်​....

"ခင်​...ခင်​ဗျား..တကယ်​ စာ​ရေးဆရာပါ​နော်​! လူသတ်​သမားမဟုတ်​ဘူးမလား?"

JiHoonအ​ပြော​ကြောင့်​ ommaကပါ ​မော့ကြည့်​လာပြီး ထိုင်​​နေရာမှ ထလာကာ JiHoonရဲ့ လက်​​မောင်းကို ​ဖြောင်းခနဲ မြည်​​အောင်​ ရိုက်​လိုက်​ပြီး...

"ဟဲ့....Park JiHoon..နင်​စာ​ရေးဆရာ​လေးကို ဘယ်​လို​တွေ​ပြော​နေတာတုန်း! နင်​က​တော့​လေ...
သူများကို မဟုတ်​မဟတ်​​ပြောဖို့ဆို အဲ့ဦး​နှောက်​ကြီးက ​တွေး​တောတတ်​တယ်​​နော်​...စာဆို မရဘူး"

Ji's ommaရဲ့ စကား​တွေ​ကြောင့်​ Kuan Lin နဖူးက ဘုသီးအား ကိုင်​လျက်​ 'ခွီ'ခနဲ တစ်​ချက်​ရယ်​လိုက်​​တော့ JiHoonက မျက်​​စောင်း​တွေ ဒိုင်းခနဲ ဒိုင်းခနဲ ထိုး​နေ​လေရဲ့...

"ဟို...ဆရာ​လေး...ခန​နေအုံး​နော်​ အန်​တီ ​ရေခဲအိတ်​ သွားယူ​ပေးမယ်​..ကြပ်​ထုပ်​ထိုးရ​အောင်​​လို့​လေ"

Ji's ommaက ​ပြောပြီးတာနဲ့ မီးဖို​ချောင်​ထဲ ဝင်​သွားပြီး ခနအကြာ ​ရေခဲအိတ်​ကိုင်​ပြီး ထွက်​လာကာ
ရေခဲအိတ်​ကို JiHoonလက်​ထဲ ထိုး​ပေးပြီး...

"ဆရာ​လေးကို ကြပ်​ထုပ်​ထိုး​ပေးထားလိုက်​ အ​မေ ဆရာ​လေးကို ​ကျွေးဖို့ မုန့်​သွားပြင်​လိုက်​အုံးမယ်​"
ဟု​ပြောကာ ပြန်​ဝင်​သွားတယ်​....
(AN:Ji's ommaကို JiHoonရဲ့ အ​မေအရင်း
ပုံစံ​လေးကို မြင်​​ပေးပါ​နော်​)

Baby Piggy (Completed)Where stories live. Discover now