My Cupcake - 1

96 8 1
                                        

LUHAN! !!!!!!!......

အောင်မြင်လှစွာသော အော်သံကြီး၏နောက်၌ အိမ်ပေါ် အိမ်အောက်ရှိ အခိုင်းအစေများအားလုံး
ဝပ်ဝပ်တွား......

သို့သော်... နေ့လည် ၂နာရီထိုးသည်အထိ မနိုးသေးသော အမောင် Luhan မှာမူ ဖေဖေ ပါပါး ဒယ်ဒီ သူ့အခန်းတံခါးဖွင့်ဝင်လာသည်အထိ မနိုးသေး...

"Xaio Luhan!.. မင်းထမလား ငါမင်းကုတင်ပေါ်ကနေကန်ချရမလား... "..
ကုတင်ဘေးတွင် အသံကျယ်ကြီးနှင့်အော်ပြောခါမှ မျက်စိလေးဖွင့်ကြည့်ကာ..

" ဂွတ်မောနင်း ဒယ်ဒီ... အစောကြီးဘာလာလုပ်တာလဲ... wahhhh.."

" အေး.. မင်းဘာသာ မောပြီးနင်းနေရင်တော့ မပြောတတ်ဘူး.. အခုမနက်မဟုတ်တော့ဘူးကွ.. မင်းကို ၈နာရီ ဟိုတယ်အရောက်လာ
ဖို့ခေါ်ထားတယ်လေ... အဲဒါကို ခုငါလာနိုးမှနိုးရအောင်.. မင်း!!.."

" pa ကလဲ ကျွန်တော် ညက ဘောပွဲကြည့်တာများသွား..."

"တော်.. မင်း အသက်က ဒီအရွယ်ရောက်နေပြီ ဘောရူးကောင်းတုန်းလား.. ဟင်.. အိမ်စီးပွားရေးလေးဘာလေး စိတ်ဝင်စားမယ်မရှိဘူး.. "

" အဲ့ဒါ ကျွန်တော့အပြစ်မဟုတ်ဘူး... တကမ္ဘာလုံး စိတ်ဝင်စားနေတဲ့ ဝေါလ်ကပ်ကို စိတ်မဝင်စားတဲ့ Pa အပြစ်.."..

" aww... မင်းကပဲပြောရတယ်ရှိသေး.. မင်းရူးသလို ငါပါလိုက်ရူးနေလို့ကတော့ ၂ယောက်လုံး တုံးလုံးနေနေရမယ်...
ဘာမှထပ်မပြောနဲ့ Xaio Han...နောက်နာရီဝက်အတွင်း အိမ်အောက်ဆင်းလာ.. ငါစောင့်နေမယ်.."

ပြောပြောဆိုဆို အခန်းတံခါးဖွင့် ကာလှည့်ထွက်သွားသော papa ကြောင့် သူကုတင်ပေါ်ကနေကုန်းရုန်းထရရှာလေပြီ... သနားပါတယ်.. Xiao Luhan လေး...အိပ်ရေးမဝသေးတာကို လာနှိပ်စက်ကြတယ်😢

🍰________🍦________🍩_________🍮

Xiumin တစ်ယောက် ဧည့်ခန်းတွင် ထိုင်ရင်း အပေါ်ထပ်လှေကားကို လှမ်းကြည့်ကာ သက်ပြင်းချမိသည်...

Xaio Luhan... ဒီသားတယောက်နဲ့ သူလဲ တရက်တရက် အသက်တိုတော့မည်...
Australia မှာ စီးပွားရေးပညာဘွဲ့ယူကာ ပြန်လာသည်တဲ့... ဟိုကဆရာတွေဘယ်လိုများ သင်ပေးလိုက်လို့ ဘွဲ့ဆိုတာကြီး ကို ဘယ်လိုရလာလဲတော့မသိ... စိတ်ထဲတွင် အစားရယ် အအိပ်ရယ် ဘောလုံးရယ်ကလွဲ သူ့အကြောင်းသူတောင် တွေးမိရဲ့လားမသိ...

You've reached the end of published parts.

⏰ Last updated: Dec 29, 2018 ⏰

Add this story to your Library to get notified about new parts!

My Cupcake Where stories live. Discover now