" လိုအပ်လို့ လုပ်တာပေါ့ မလိုအပ်ပဲနဲ့ ငါက လက်ညောင်းခံပြီး လုပ်ထားပါ့မလား "

" မင်းက နှလုံးသားမရှိဘူး ရက်စက်တယ် "

ဟုတ်တယ် Kyung Soo .. ငါက နှလုံးသားမရှိဘူး ဘာလို့လဲသိလား ငါ့နှလုံးသားက ငါ့ဆီမှာရှိမနေပဲ မင်းဆီမှာရောက်​​နေတာ​လေ

ငါပေးချင်မှန်းမသိ မပေးချင်မှန်းမသိ မင်းရအောင်ယူသွားခဲ့တဲ့ ငါ့နှလုံးသား ...

ငါကိုယ်တိုင်တောင် ဘာမှ မသိလိုက်ရပဲ ငါ့နှလုံးသားတစ်ခုလုံး ငါ့ဘဝတစ်ခုလုံး မင်းလက်ထဲ ပုံအပ်​ထားပြီးသားဖြစ်​​နေတာ

"ရက်စက်တယ် မှန်တယ် ဒါပေမဲ့ ငါရက်စက်တတ်တာ မင်းကို မမှီသေးဘူး "

" ငါက မင်းအပေါ်ဘာတွေများ ရက်စက်ခဲ့ဖူးလို့လဲ "

" ကိုယ့်ကို အပြစ်လုပ်ထားပြီး မသိချင်ယောင်ဆောင် အရူးပုံဖမ်းနေရတာ မမောသေးဘူးလား Kyung Soo"

"အဲ​ဒီ​တော့ ငါက မင်းသဘောကျအောင် မင်းအလိုကျ ဘယ်လိုနေပေး​စေချင်​တာလဲ ​ပြော​လေ"

"ထွက်​သွား အခန်းထဲက .. မျက်​စိ​နောက်​တယ်​"

အမြဲတမ်း အနားမှာပဲနေပေးပါ ဘယ်သူနဲ့မှ မပတ်သက်ပါနဲ့လို့ အပ်ကြောင်းထပ်အောင် ပြောခဲ့ဖူးတယ် သူက ဘယ်တုန်းက စကားနားထောင်ခဲ့လို့လဲ အခု လည်း မေးပြန်ပြီ ပြောလည်း ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်နေဦးမှာပဲ

ရစရာမရှိ​တော့တဲ့ သူ့အရုပ်​အပိုင်းစ​တွေကို သယ်​ပြီး အခန်းထဲက​ပြေးထွက်​သွားသည်​။

ထွက်​သွားဆိုတိုင်း လွယ်​လွယ်​ကူကူ ထွက်​သွားနိုင်​ပြန်​သည့်

မင်းရဲ့ အပြုမူ​တွေကိုက မုန်းဖို့​ကောင်း​နေလိုက်​တာ

~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွတ် ... ဘယ်ရောက်နေတာလဲ

မီးဖိုချောင် ..ရေချိုခန်း ...ခြံထဲ ..နေရာစုံအောင် ပတ်ရှာကြည့်တော့ မတွေ့ရ ...မဟုတ်​မှလွဲ​ရော သူ ထွက်ပြေးသွားတာလား..

ဘယ်ဆီကို ထွက်ပြေးသွားတာလဲ

ခဏ​လေးအတွင်း ကျ​နော့်​ရင်​တွင်းဝယ်​ အ​ကြောက်​တရားတို့ လွှမ်းမိုးသွားသည်​။

RED TEAR ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin