" မဟုတ်​ပါဘူး "

" မသိပါဘူး ကိုယ့်​ကိုများစိတ်​ဆိုး​နေသလားလို့ "

သေလိုက်​​တော့ ၊ ခင်​ဗျားဟာ​လေ အဲ့ဒါ​ကြောင့်​ အခုချိန်​ထိ
ရည်းစားမရှိ ချစ်​သူမရှိနဲ့ FA ဖြစ်​​နေတာ ၊ အဲ့လိုစကားကို
တည့်​တိုး​ပြောရသလား ။
သူ​ပြောတဲ့အတိုင်း လိုက်​လို့က​တော့ ဟို​နေ့ကအနမ်းအ​ကြောင်း​ရောက်​သွားမှာ မလွဲမို့ ရှိုင်းစကားလွှဲလိုက်​သည်​။

" ခင်​ဗျား တီးတတ်​လား "

" အင်း ....နည်းနည်းပါးပါးပါ ...မတီးတာကြာပြီ "

" တီးမလား ....ကျ​နော်​နား​ထောင်​ချင်​လို့ "

သေစမ်း ဘာ​တွေ​ပြောမိပြန်​ရတာလဲ ၊ ဒီပါးစပ်​က ။
ပြုံးသွားသည့်​ မျက်​နှာမြင်​ရပြန်​​တော့ မျက်​ဝန်း​တွေကအလိုက်​မသိစွာ ​ငေးမိပြန်​သည်​ ။
မင်းကို​တော့ သူအထင်​​သေး​တော့မှာပဲ ရှိုင်းရာ။

ဂစ်​တာကို အသံစမ်းကြည့်​ပြီး သီချင်းတစ်​ပုဒ်​ကို စတင်​တီးခတ်​တာနဲ့ သူ့မျက်​ဝန်း​တွေ ​ဆွေး​မြေ့သွားတာကိုသတိထားမိသည်​။
အသက်​သုံးဆယ်​အရွယ်​ ​ယောက်ျားတစ်​​ယောက်​ရဲ့ ရင့်​ကျက်​တည်​ငြိမ်​​သော ဟန်​ပန်​နဲ့ အတူ လူငယ်​တစ်​​ယောက်​လိုခံစားချက်​​တွေ ပွင့်​အံ​နေပုံက အတူ​ရောပါ​နေကာ
တမျိုးကြည့်​​ကောင်း​နေ​စေသည်​။ မဟုတ်​ဘူး ဆွဲ​ဆောင်​နိုင်​တယ်​ဆို ပိုမှန်​လိမ့်​မယ်​ ၊ ကျ​နော်​ မျက်​လုံး​တွေ လွှဲဖယ်​ဖို့​တောင်​​မေ့​နေပြီး သူ့သီချင်းသံမှာ စီး​မျော​နေမိတယ်​ ။


🎶 အသက်​ရှုသံ​တွေ နီးစပ်​ရုံပဲ တတ်​နိုင်​တယ်​...
အချိန်​​တွေကို အတူကုန်​ဆုံးဖို့ပဲ တတ်​နိုင်​တယ်​ သူငယ်​ချင်း
လိုမျိုး.....ဒါ​ပေမယ့်​ ငါ့ခံစားချက်​​တွေကို မထိန်းချုပ်​နိုင်​ခဲ့ဘူး........🎶

🎶မင်းရဲ့ခံစားချက်​​တွေ အနက်​ရှိုင်းဆုံးမှာ မင်းဘယ်​လို
ခံစားရလဲ....
ငါမင်းကို ဘယ်​​လောက်​ချစ်​ချစ်​ ဒါ​ပေမယ့်​ ငါဘယ်​တုန်းကမှ
အဲ့ဒီ့အ​ကြောင်း မ​ပြောခဲ့ဘူး.....
ငါ့နှလုံးသားထဲမှာ ဘာဘဲဖြစ်​​နေ​နေ သိမ်းထားခဲ့တယ်​.....
ဒီ​ပျော်​ရွှင်​မှု​လေးကပဲ အရမ်းကို ကြီးမား​နေပါပြီ......🎶

You've reached the end of published parts.

⏰ Last updated: Jun 17, 2018 ⏰

Add this story to your Library to get notified about new parts!

သခင့်​ထံပါးခစားခွင့်​​ပေးပါWhere stories live. Discover now