ကောင်မလေးတစ်ယောက်အကြောင်း..
အင်း အခုဆိုအသက်၂၀စွန်းစွန်းမိန်းကလေးပေါ့..
အယ်ရီ တဲ့..
သူမမိဘတွေက သာမန်ဝန်ထမ်းတွေပါ.. ငယ်ငယ်ရွယ်ရွယ်လေးနဲ့အိမ်ထောင်ကျပြီး ဘဝကို တစ်ကနေစရတယ်လို့ပြောရလောက်အောင်ကို လောကဓံမျိုးစုံနဲ့ကြုံခဲ့ကြရတယ်..
အယ်ရီက သမီးဦးလေးလည်းဖြစ်တော့ ငယ်ငယ်လေးတုန်းက နည်းနည်းတော့သူမမိဘတွေရဲ့ဖိအားပေးခံခဲ့ရတယ်.. အလယ်တန်းကနေအထက်တန်း ၁၀တန်းပြီးတော့ ဂုဏ်ထူးတွေမပါပေမယ့် အမှတ်ကလေးကမဆိုးဘူးပြောရမယ်.. Engineering ကျောင်းတက်ခွင့်ရတယ်..
ကံကောင်းတာတစ်ခုက အယ်ရီတို့မိသားစုက မချမ်းသာပေမယ့် ကျောင်းတော့ ကောင်းကောင်းထားပေးနိုင်ခဲ့တယ်.. မိသားစုကလည်းသူမငယ်ငယ်တုန်းကထက်တော့ ပိုအဆင်ပြေလာတယ်.. အင်း ဘာလိုလိုနဲ့..နောက်ဆုံးနှစ်တောင်ရောက်နေပြီပဲ..
WHAT IS LOVE?
အယ်ရီ့မှာနင့်နေအောင်သိပ်ချစ်ရတဲ့ လူတစ်ယောက်ရှိတယ်.. KAI တဲ့.. EXO ဆိုတဲ့
အယ်ရီ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းလောက်ထိအောင်အရေးပါတဲ့.. ဘာနဲ့မှအစားထိုးမရနိုင်တဲ့.. တစ်ခုတည်းသော ကမ္ဘာလေးထဲက မင်းသားလေးတစ်ပါးပေါ့..
အင်း ဒါနဲ့.. အယ်ရီ့အချစ်ဦးအကြောင်းနည်းနည်းပြောပြမယ်..အယ်ရီသူ့ကိုချစ်တာ ဘယ်သူမှလည်းမသိဘူး.. ဟုတ်တယ် အယ်ရီ ဘယ်သူ့ကိုမှ ထုတ်မပြောဖူးဘူး..သူကဘယ်သူလဲဆိုတာကိုပေါ့..
သူငယ်ချင်း၂ယောက်.. ဟုတ်တယ်.. အချစ်ဆုံးသူငယ်ချင်းမဟုတ်ပေမယ့် သူတို့၂ယောက်ကိုတော့ သူ့အကြောင်းတွေပြောဖြစ်တယ်.. သူ့နာမည်ကလွဲလို့ပေါ့..
ဟုတ်.. အယ်ရီ့နည်းအားချက်တွေထဲမှာ ကိုယ့်အကြောင်းသူများတွေကို ရင်မဖွင့်တတ်တာလည်း တစ်ခုအပါအဝင်ပဲ..အဲ့အချိန်တုန်းက ပြောဖြစ်တယ် ဆိုတာကလည်း.. သူ့ကိုတော်တော်လေးလွမ်းနေခဲ့လို့လား ဘယ်လိုလဲတော့မသိဘူး..
