အပိုင်း( ၂ )Zaw Gyi / Unicode

6.5K 156 0
                                    

Zaw Gyi

"ဟဲ့ ဟဲ့"
"ဟဲ့ ကယ် ဒီကလေး အလုပ်သွားရမယ်
ထတော့"
"အမေရယ် ခဏလေး ခဏလေးပဲ မှေးလိုက်ဦးမယ်"
" ဟဲ့ ခဏမနေနဲ့တော့ ၆နာရီထိုးနေပြီ"
"ဘာ ၆နာရီ ဟာ နောက်ကျတော့မှာပဲ
အမေ ကျွန်တော့် ခြင်ထောင်လေး သိမ်းပေးထားဦးနော်"
"အေးပါဟယ် မြန်မြန်လုပ်"

ခြင်ထောင်ထဲက ဝရုန်းသုန်းကားထွက်ပြီး ရေချိုးခန်းထဲ ပြေးဝင်လိုက်တယ်
သွားတောင်ကောင်းကောင်းမတိုက်မိ
ရေတောင် တစ်ခွက်နှစ်ခွက်လောင်းပြီး
အဝတ်အစားလဲ ပြီး ထွက်မယ်အလုပ်

"ဟဲ့ ကလေး နင်ထမင်းချိုင့်မယူဘူးလား"
"လာပြီ အမေရေ မေ့သွားလို့"
" နင်ဟာလေ အရာရာနဲ့ အကြောင်းကြောင်းကြီးပဲ"

အမေဆူနေတာတောင် မဖြုံ
ကားဂိတ်ကို ပြေးရသေးသည်
ph က နာရီကိုဖွင့်ကြည့်တော့ ၆နာရီခွဲ

"ဟူး တော်သေးတယ် အိပ်မက်ကောင်းနေတာနဲ့
ဆရာ ဆူတာခံရတော့မလို့"

ကားလာပြီဆိုသော အသံကြားတာနဲ့ ကြည့်လိုက်တာ လူတွေက ထုံးစံအတိုင်းပြည့်ကြပ်သက်
ဘယ်တက်နိုင်မလဲ ဘဝသမားကိုး~~~

" ဃ ဈေးမှတ်တိုင်တွေပြင်ထားနော်"
စပါယ်ယာအသံကြားတာနဲ့ လူက အပေါက်ဝရောက်ပြီးသား
ကားပေါ်ကဆင်းတာနဲ့ မြောက်ဥက္ကလာဆေးရုံကြီးကို တန်းပြေးရသေးသည်။
ဟောတွေ့ပါပြီ ဆေးရုံအပေါက်ဝမှာ ဆူရန် အသင့်ပြင်ထားတဲ့ ဆရာ့မျက်နှာကြီးကို

"မင်းဘာလို့ အဲ့ဒီလောက် နောက်ကျနေရတာလဲ
၈း၁၀မိနစ်ဖြစ်နေပြီ "
"ဆရာရယ် ၁၀မိနစ်တည်းဟာကို
ပြီးတော့ ကျွန်တော်က ကားနှစ်ဆင့်စီးရတာလေ
ကားက ပိတ်သေးတယ်"
"ပြောလိုက်ရင် ဆင်ခြေကြီးပဲ
ဘယ်လိုပဲဖြစ်ဖြစ် ငါနောက်ကျတာမကြိုက်ဘူးဆိုတာ သိရဲ့သားနဲ့ကို"
" ကျွန်တော် တောင်းပန်ပါတယ် အလုပ်လုပ်ကြမယ်လေ ဆရာ"
"အေး အဲ့ဒါကအကြောင်းမဟုတ်ဘူး
ဒီနေ့ ဆေးသုတ်သမားလေးက မလာဘူး
ငါကလဲ oxygenကြေးပိုက်လိုင်းတွေသွယ်ရဦးမာ"
" အဲ့ဒါက ဘာဖြစ်လို့လဲ"
" ဘာဖြစ်ရမှာလဲဟ ဆေးရုံအုပ်ကြီးက ဟိုတစ်နေ့က ခွဲစိတ်ကုသဆောင်အပေါ်ထပ်မှာ ငါတို့ကြေးပိုက်လိုင်းတွေ ဝရိန်ဆော် ထားတာလေ မဲနေတဲ့ဟာတေ အခုချက်ချင်း ဆေးပြန်သုတ် ပေးပါဆိုလို့ဟေ့ အဲ့ဒါဆေးသုတ်သမားကလည်း ဒီနေ့ကျမှ မလာဘူး ငါကလည်းမအားဘူး
ဒုက္ခပဲ"
ဆရာ့ပုံစံကြီးက တကယ်ကြီးကို စိတ်ညစ်နေတဲ့ပုံ ဆေးရုံအုပ်ကြီးဆိုသည်မှာလဲ တကဟ်ကို ပြောရခက်သည့် လူစားမျိုး

The houseWhere stories live. Discover now