Parallel Universe♡4♡

Start from the beginning
                                    

ဝရန်တာမှာ ဟိုကြည့် သည်ကြည့် လုပ်နေတုန်း အိမ်ရှေ့ ခပ်လှမ်းလှမ်းက လူရိပ်ကြောင့် အခန်းထဲ လှစ်ခနဲ ပြန်ဝင်လိုက်မိသည်။

ထိုလူကတော့ Kyung Soo ကို မြင်လိုက်ပုံမပေါ်....

အခန်းထဲက မှောင်ရိပ်ကွယ်ကာ စောင့်ကြည့်မိတော့ ထိုသူက Kyung Soo  အခန်းရှိရာ ဆီကို လှမ်းကြည့်နေသည်။

မဖြစ်တော့.. ဒီ ကိစ္စကို သေသေချာချာ ရှင်းမှ ဖြစ်မည်ဟု တွေးရင်း အနွေးထည် ကို ကောက်ဆွဲကာ အောက်ထပ် ပြေးဆင်း လာလိုက်သည်။

အပြင်ကို ခပ်သုပ်သုပ် ထွက်သွားတဲ့ သူ့ကို အောက်ထပ်မှာ TV ကြည့်နေတဲ့ Baekhyun လှမ်းအော်တာလည်း ပြန်မဖြေဖြစ်ခဲ့...

ခြံပြင်ထွက်လာရင်း ထိုလူ မြင်သာအောင် ရှေ့ကဖြတ်လျှောက်ကာ ထွက်လာခဲ့သည်။

နောက်ကို မသိမသာ စောင်းငဲ့ ကြည့်တော့ ခပ်လှမ်းလှမ်းက ပါလာပြန်တာ တွေ့ရသည်။

ခေါင်းထဲ လှစ်ခနဲ ပေါ်လာတဲ့ အတွေးကြောင့် လမ်းချိုးထဲ ချိုးဝင်ကာ အကွယ် တစ်နေရာမှာ ပုန်းနေလိုက်သည်။

Kyung Soo ပုန်းနေတဲ့ နေရာကို  အနည်းငယ်ကျော်ထွက်သွားတဲ့ ထိုလူကို နောက်ကနေ အလစ်တိုက်ကာ နံရံမှာ တွန်းကပ်ထားလိုက်သည်။

ခေါင်းက ဦးထုပ်ကို ဆွဲချွတ်ကာ Mask အထိ ဆွဲ ဖြုတ်ပြီးမှ သိလိုက်ရတာက ထိုလူသည် Kyung Soo ခန့်မှန်း ထားခဲ့သလို ယောက်ျား တစ်ဦးမဟုတ်ပဲ မိန်းမ တစ်ဦးဖြစ်နေခဲ့ ကြောင်းကို........

.
.
.
.
.
.
.
.

     ~• ခင်ဗျား က ဘယ်သူလဲ.... •~

တိတ်ဆိတ်နေတဲ့ အခန်းအတွင်း Kyung Soo  စကားစလိုက်တာမို့ ရှေ့က အမျိုးသမီးက မျက်လုံးလှန်ကြည့်လာသည်။

စူးရှနေတဲ့ မျက်ဝန်း အစုံနဲ့ သူ့ရဲ့ တည်ကြည်မှုကြောင့် တော်တော် ကျက်သရေရှိသည့် အမျိုးသမီး ဟု ဆိုနိုင်သေးသည်။

သူ့နောက် ခပ်လှမ်းလှမ်း မှာတော့ Kyung Soo နောက်ကို လိုက်ခဲ့ တဲ့ အမျိုးသမီးက ခေါင်းငုံ့ကာ ခပ်ကုပ်ကုပ် ရပ်နေလေသည်။

~• မင်း....... ဒီကို ဘယ်လို ရောက်လာလဲ ဆိုတာကို သိနေတဲ့ တစ်ဦးတည်းသော သူ..... •~

Parallel Universe // ♡ Where stories live. Discover now