"အဘ အဘတို့က တွီးထန် ရွာကလားရှင့် "

"ဟုတ်ဒေကွဲ့ တူမက ဆျာဝန်မလေးလား "

"ဟုတ်ကဲ့ အဘ ကျွန်မ နာမည် နှင်းဝေပါ အဘ "

"ဝမ်းသာပ့ အဘက တွီးထန်ရွာက ရွာလူကြီး အိုက်စံပ့ ဒီကအဘတူမ အွေ့ကျင့်ကျိန်ဒဲ့ တူမတို့လိုပဲ တူမနဲ့ အတူတူပ့ ဘာခေါ်တာပါလိမ့် ကျင့်ကျိန် "

ကျင့်ကျိန် ဆိုသော ချင်းမလေးကို လှည့်ပြီး
မေးလိုက်သည်...

" သူနာပြုပ့ အဘ "

"အေး ငါမေ့နေလို့ပ့ ဟိုဘက်က အဘ တူသားတွေပဲ
အိုက်နိုင် နဲ့ အိုက်ပိုင် ပ့ "

"ဟုတ်ကဲ့ အဘ "

"ဆိုင်ကယ် စီးရဲလားကွယ့် "

"ဟုတ်ကဲ့ စီးရဲပါတယ် "

"အထုပ်တွေသယ်ခဲ့ဝေ့ "

ကျင့်ကျိန် ဆိုသော ကောင်မလေးရဲ့ ဆိုင်ကယ်
နောက်ကနေ လိုက်လာခဲ့သည်... ညနေစောင်းလုပြီမို့
အေးစိမ့်စိမ့်နှင့် မြူတွေဝေနေသည်.... တောင်အတက်လမ်း
ကပိုများသည် ပိုပြီး ခေါင်သည့် ရွာလေးဖြစ်မည် ထင်သည်.

တွီးထန် တံတားကိုဖြတ်ပြီး တွီးထန်ရွာထဲသို့
ဝင်လာသည်နှင့် ဒေသခံရွာသူ ရွာသားတွေ ပြုံးပြုံး ပြုံးပြုံးဖြင့် ထွက်ကြည့်ကြလေသည်... ဖြူစင်ရိုးသားတဲ့ အပြုံးတွေပေါ့
အိမ်လေးတွေက တစ်အိမ်နဲ့ တစ်အိမ် ပူးကပ်မနေ ဝေးသည်
ခြံစည်းရိုးလဲမရှိပေ တောင်စောင်းဘေးက အိမ်တွေဆို
တောင်စောင်းပေါ်တွင် ဆောက်ထားကြသည်.....
အောက်မှာ ချောက်နက်ကြီးဖြစ်သည်... နည်းနည်းတောင်လန့်သွားသည်.... ကျွန်မ ရော အဲ့လိုအိမ်မျိုး နဲ့ နေရမှာလား မသိပေ.....

" ရောက်ပ့ ဒါ ဆေးပေးခန်းပ့ အနောက်က အိမ်လေးမှာ
တူမတို့ နေပ့ တူမနဲ့အတူ ကျင့်ကျိန် လာနေပေးလိမ့်မယ်ပ့
လိုအပ်တာရှိရင် ကျင့်ကျိန်ကိုပြောပ့ ပီးတော့ တူမရဲ့ လုံခြုံရေးစိတ်ချ အဘတို့ တစ်ရွာလုံး စောင့်ရှောက်မှာပါပ့ "

"ဟုတ်ကဲ့ အဘ ကျေးဇူးတင်ပါတယ် ဟို ဒီမှာ တခြား
ဆရာဝန် တွေဘာတွေ မရှိဘူးလား အဘ "

"အရင်ကတော့ ရှိတယ်ပ့ အဝေးကြီးကလာကြတော့
ပြန်ပြောင်းသွားကြတယ်ထင်ပ့ "

💙ရင်ငွေ့ခြုံ လုံပါစေ 💙Where stories live. Discover now