အခန္​း(၁)

19.6K 723 96
                                    

အခန်း...၁...

တရှောင်းပြည် ဆယ့်ရှစ်ဆယ့်မြောက် မင်းဆက်
လက်ထပ်မှာတော့ လက်ရှိမင်းကြီးဟာ တိုင်းပြည်ကို တော်တတ်ဖြောင့်မတ်စွာ အုပ်ချုပ်နေတာ
၁၂ နှစ်တိုင်ပြီပေါ့။

ညီလာခံ ခန်းမဆောင်ထဲမှာတော့ အမတ်ကြီးတစ်ချို့ဟာ တခြား အမတ်တစ်ယောက်ကို လာ်ပေးလာဘ်ယူမှုနဲ့ ပက်သက်ပြီး စွဲချက်တင်နေလေရဲ့။

နောက်ဆုံး ဆုံးဖြတ်ချက် အမိန့်ကိုတော့ နဂါးပလ္လင် ထက်ရှိ.မင်းကြီးဆီက မျှော်နေတာပေါ့။မကြာမီမှာပဲ နောက်ထပ် အမတ်တစ်စုက စွပ်စွဲခံရသူ အမှုထမ်းအမတ်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုကြပြန်တယ်။သူတို့က စွပ်စွဲခံ အမတ်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးဖို့ တောင်းဆိုနေကြတယ်။ဘာလို့လဲဆိုတော့ ထိုအမတ်ကြီးဟာ တစ်ဘဝလုံးစာ တိုင်းပြည်တိုးတက်ဖို့ လုပ်ခဲ့လို့ပါတဲ့။စွမ်းစွမ်းတမံ မရှိခဲ့ရင်တောင် သူ့တစ်ဘဝလုံး လုပ်ဆောင်ချက်တွေကို
ထည့်တွက်သင့်ပါတယ်တဲ့။

စိတ်လိုက်မာန်ပါ တစ်ခါ မှားမိတာမလို့ သနားကြင်နာဖို့ မင်းကြီးကို တောင်းဆိုနေကြတယ်။

ထိုခဏ ကိစ္စ အားလုံးက ဟိုဝတုတ်တုတ် အမတ်မင်းကြောင့်ပေါ့။သူကတော့ ကြမ်းပြင်မှာ ဒူးထောက်နေတယ်။ အမတ်တွေကတော့ သူ့ကို ရာထူးဖြုတ်ရမလား သို့မဟုတ် ဆီပူအိုးထဲ ထည့်ကြော်ရမလား ဆွေးနွေးငြင်းခုံနေကြတယ်။

နောက်ဆုံးမှာရပ်နေတဲ့ လီချင်းကတော့ အမတ်တိုင်းရဲ့ မှတ်ချက်စကားတွေကို ခေါင်းြငိမ့်ထောက်ခံနေတယ်။ ဘယ်သူ ဘာပြောပြော ခေါင်းညိမ့်နေလို့ သူ ဘယ်ဖက်ကမှန်းတောင် မသိနိုင်ကြတော့ဘူးလေ။ဘယ်သူ့ မှတ်ချက်ကို.မဆို လွတ်မသွားအောင် ညိတ်ပြနေတာပေါ့။

''မင်းကြီး....ကျတော်မျိုး ကို လူယုတ်မာတွေက
ဥါဏ်ဆင်ကြောင်းပါ ဘုရာ့´´

ဒူးထောက်နေတဲ့ စွပ်စွဲခံ အမတ်ဝတုတ်က သူ့ အပြစ်ကင်းမှု အတွက် ငိုယိုနေတယ်။

နှစ်ဖက်လုံးပြောတာကို ပလ္လင်ထက်က ငယ်ရွယ်သူမင်းကြီးက ကြားနာပြီးနောက် နှုတ်ခမ်းအနည်းငယ် တွန့်ကွေးသွားတယ်။ပြီးတော့မှ ခပ်မှန်မှန်လေသံဖြင့် စပြောတယ်။

မို ပန်းလေးတွေ ပွင့်ချိန်(Mo flower Myan Translation)Where stories live. Discover now