🐰Just Love Ep🐰-8

Bắt đầu từ đầu
                                    

ပြောရင်း ငိုချလိုက်သော ကလေးငယ်ကြောင့် ရင်ခွင်ထဲကို ဆွဲသွင်းရင်း . . .

"တောင်းပန်ပါတယ် ကလေးရယ် ကိုယ့်ကြောင့်ပါကွာ ကိုယ့်ကြောင့်  ပါ တောင်းပန်ပါတယ် "

တောင်းပန်စကားကိုသာ ထပ်တလဲလဲ ရေရွတ်မိသည်

တော်ရုံ စိတ်ဓာတ်မာတဲ့ ကလေးက ဘယ်လောက်တောင် ခြိမ်းခြောက်ခံရလို့  ကြောက်သွားခဲ့ရတာလဲ

သူတို့ လုပ်ရပ်တွေ အရမ်းကို လွန်လွန်းလာပြီ စာနာထောက်ထားလို့ မကောင်းတဲ့ သူတွေပဲ . . .

"ကလေး အရမ်းကြောက်နေရင် ကိုယ် မင်္ဂလာပွဲဖျက်ပြီးတော့ ကိုရီးယားးကို ပြန်ပို့ပေးမယ်နော် ကလေးကို ကာကွယ်ပေးဖို့ တခြားနည်းလမ်း ပြန်စဉ်းစားကြမယ်နော် မငိုပါနဲ့တော့ ကလေးရယ်  တောင်းပန်ပါတယ်ကွာ "

ရင်ခွင်ထဲ ထည့်ပီးတောင်းပန်စကားကို ထပ်တလဲလဲဆိုနေတဲ့ CEO Zhang ကြောင့်  Jun  ဖက်ထားရာမှ အသာရုန်းရင်း  . .

"ရပါတယ် အခု အားလုံး စီစဉ်ပြီးသားဖြစ်နေပြီပဲ ကျွန်တော် အဆင်ပြေပါတယ် စောနက ရုတ်တရပ်မို့ ကျွန်တော် လန့်သွားလို့ပါ စီစဉ်ထားတဲ့  အတိုင်းပဲ ဆက်လုပ်ပါ  CEO Zhang    "

"Zhang သခင်လေးနဲ့ အကိုလေး Jun  အဆင်သင့်ဖြစ်ရင် ပွဲစလို့ ရပါပီတဲ့ . . ."

အခန်းရှေ့မှာအရိုအသေပေးရင်း လာပြောာတဲ့ maid တစ်ယောက်ကြောင့် ပြောလက်စ စကားတွေ ခဏရပ်သွားရသည်  . .

"အင်း အင်း  ငါတို့ အခု ထွက်ခဲ့မယ် လို့ ပြန်ပြောလိုက် . ,"

ထို maid လေးပြန်ထွက်သွားတော့ စကားဆက်ရန် ပြင်တော့ Junက  ဝတ်ပြီးသား မင်္ဂလာဝတ်စုံကို ကြိုးတေ သေချာ ပြန်ချည်နေလေရဲ့ 

"CEO Zhang ကျွန်တော်တို့ သွားကြရအောင်လေ " 

.  . . . . , . . . . . . . . . . . .  . , , . . , . . . . . , . . . .

တရုတ်ရိုးရာအတိုင်း စီမံထားတဲ့ မင်္ဂလာပွဲမို့ ဧည့်ခန်းမ တစ်ခုလုံး ရဲရဲနီလေသည်

YiXing ဘေးနားက ကလေးကို စိတ်မချနိုင်စွာ လှည့်လှည့်ကြည့်မိတော့  Junလေးမှာ ခုနက ငိုထားတာ သူမဟုတ်တဲ့အတိုင်း  ပကတိတည်ငြိမ်လျက်

Just Love [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ