*Ting Tong*
"Haeyoung!!!ဟဲ့ အဲ့ဖုန်းကိုဘဲကိုင်မနေနဲ့စမ်း အိမ်ရှေ့မှာဘဲလ်တီးနေတယ်လေ နည်းနည်းပါးပါးလေးလဲ သွားဖွင့်ပေးအုန်း နင်ဟာလေ ၁၀ တန်းပြီးတာနဲ့ အဲ့ဖုန်းဘဲ*£$\_€£*©^©#\"
"Ommaရေ နားညည်းလိုက်တာ ၁၀ တန်းပြီးတုန်းလေးမို့နားရတဲ့ဟာကို Ommaကလည်း တကတည်း ပွစိ ပွစိနဲ့ ဘယ်ချိန်တည်းကပြောချင်နေလဲမသိဘူး အားကြီးနဲ့ ဝုတ်ဒယ်"
"တိတ် စမ်း ငါ့ပြန်ပြောမနေနဲ့ နင်အခုထိမထသေးဘဲနဲ့ ဖုန်းသုံးနေတုန်းဘဲလား အလုပ်မရှိအကိုင်မရှိအဲ့ဖုန်းဘဲသုံးနေတယ် တံခါးသွားဖွင့်ဖို့မသွားသေးဘူး ငါ့ဟင်းအိုးလေး တူးသွားမှာဆိုးလို့သွားမဖွင့်တဲ့ဟာကို နင်ယာလေ သုံးစားလို့ကိုမရဘူး သွားဖွင့်!!!!"
"သွားနေပြီ Omma ရေ ထနေပြီ တံခါးနားတောင်ရောက်တော့မယ်"
မနက်ခင်းသာသာယာယာကျေးငှက်တို့၏ တွန်ကျူးသံထက်သာယာသောအသံဖြင့် ရန်ဖြစ်နေသော သားအမိ:3 အကြောင်းကား ၁၀ တန်းပြီးပြီးချင်း လတ်လတ်ထ ဖလန်းဖလန်း ဖြစ်နေသော Haeyoung ဆိုသော တစ်ဥ အဲလေ တစ်ဦး ထဲသောသမီးလေးဖုန်းကိုင်ကာတံခါးထမဖွင့်ပေးသောကြောင့်မွေးသမိခင်ကြီးက ပြောဆိုနေခြင်းဖြစ်သည်
*Ting Tong*
"လာပြီရှင့်..."
"ကျွီ....."
"အား...!!"
"ဒုန်း.....!!"
"ဟဲ့ ဘာဖြစ်နေတာလဲ ဘာသံတွေလဲ အော်ငါ့နှယ်နဲ့......ဟဲ့ ဗုဒ္ဓေ တံခါးဝမှာဘာကြီးလဲ ဟဲ့ထစမ်း haeyoung မ အောင်မလေးမေ့လဲနေသေးတယ်သူက"
"အင်း...အဲ..မေမေရေ.....သရဲ...!!!!!"
"ဟဲ့ Haeyoung ငါပါ နင့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး Eunnie ပါဟ"
"မေမေရေ Omma ရေ သရဲကြီးက သူ့ကိုသူ Eunnie တဲ့ ဗြဲ!!!"
"အော်ဒုက္ခဘဲ Eunသမီး လေးရယ် အဲ့သရဲမျက်နှာဖုံးကြီး ချွတ်လိုက်ပါတော့ အန်တီလဲနားတွေကွဲရချည်ရဲ့ body နဲ့မလိုက် အသံကအောင်ပါ့တော်....!"
