[ အ ပိုင်း (၈) ]

Start from the beginning
                                    

စိတ်​မဆိုး​နေဘူးလား?
သဝန်​မတို​နေဘူးလား?

ထိုသို့သ​ဘော​တွေလား။ အရင်​အတိုင်း ကြည့်​​ကောင်း
နေတဲ့မျက်​နှာအမူအရာအတိုင်း၊ တည်​ငြိမ်​ကြည်​လင်
နေတဲ့မျက်​နှာကသာမန်​​နေ့​တွေအတိုင်းပင်​။

" ကျွန်​​တော်​ အရမ်းကြာသွားတယ်​​နော်​ "

မ​နေနိုင်​မထိုင်​နိုင်​သူ ကျွန်​​တော်​ကပဲ စကားစလိုက်​မိ
သည်​။ ​ကျေးဇူးပြုပြီး ကျွန်​​တော့်​ကို ဂရုစိုက်​တဲ့ စကား
လေးတခွန်း​လောက်​​ပြော​ပေးပါ။

" ရပါတယ်​!! သ​ဘောကျ​နေတဲ့ မိန်းက​လေးလား"

" အွန်း "

ကိုယ့်​​​မေး​စေချင်​သလို ​မေးလာ​တော့ တမင်​တကာ
စမ်းသပ်​ချင်​တဲ့သ​ဘောနဲ့ ​ခေါင်းညိတ်​လိုက်​မိသည်​။
မျက်​စိမျက်​နှာပျက်​သွား​လေမလား၊စိတ်​ဆိုးသွား​လေ
မလား၊​။တခုခု​တော့ လုပ်​ပြစမ်းပါ။
သို့​ပေမဲ့။ထိုလူကြီးက ပြုံးလိုက်​သည်​။ခပ်​ပြုံးပြုံးမျက်​နှာ
ထက်​​စိတ်​ဆိုး​နေတဲ့အရိပ်​အ​ယောင်​​တွေ​ရောယှက်​​နေ
ခြင်းမရှိ။ဒါက ဘယ်​လိုသ​ဘောနဲ့လဲ။ ကျွန်​​တော်​က
သူလက်​ထပ်​ချင်​​နေတဲ့လူ​လေ။ ကျွန်​​တော်​ တခြားမိန်း
က​လေးတ​ယောက်​ကိုသူ့​ရှေ့မှာ သ​ဘောကျ​နေ
ကြောင်း​ပြောပြလိုက်​တာ​လေ။သူ​ပေါက်​ကွဲသင့်​တယ်
မဟုတ်​လား။

" ခင်​ဗျား စိတ်​မဆိုးဘူးလား "

" ကိုယ်​က ရပါတယ်​!! "

ဒါက ဘယ်​လိုအ​ဖြေကြီးလဲ။ ရပါတယ်​ တဲ့။အဆင်​​ပြေ
ပါတယ်​တဲ့လား။ ခင်​ဗျားဘက်​က အဆင်​​ပြေ​ပေမဲ့
ကျွန်​​တော်​က​တော့အဆင်​မ​ပြေဘူး။ လက်​နှစ်​ဖက်
ကိုတင်းတင်းကြပ်​ကြပ်​ဆုပ်​ထားရင်း အံကြိတ်​ထားမိ
သည်​။ ခင်​ဗျားက ဘာလဲ အိုဆယ်​ဟွန်း။

ခင်​ဗျားက ဘာလဲလို့!!!!

အနည်းဆုံး​တော့ ခင်​ဗျား သဝန်​တို​နေသင့်​တယ်​​လေ!

" ကျွန်​​တော်​ ...ကျွန်​​တော်​ ခင်​ဗျားနဲ့လက်​ထပ်​ပြီးလဲ
အဲ့မိန်းက​လေးနဲ့ဆက်​​တွေ့​နေရင်​​ကော ခင်​ဗျား
အဆင်​​ပြေမလား "

HEARTLESSWhere stories live. Discover now