Part - 1 (Maknae & I)

1.6K 118 80
                                        

"မိစ္ဆာဂိုဏ်းနဲ့ ပေါင်းပြီး လူကျင့်ဝတ်ဖောက်ပြန်တဲ့ ဘုရင်...ဘုရင်ရော မိဖုရားရော မင်းသားလေးရော အကုန်ဖမ်း..." ငြာသံနဲ့အတူ ပုန်ကန်သူတစုက နန်းတော်ကို ဝင်ရောက်စီးနင်းနေကြသည်...

"မယ်မယ်..အရှေ့နန်းဆောင်က သတင်းပို့ပါတယ်..မင်းကြီးနတ်ရွာစံပါပြီတဲ့...ပုန်ကန်သူတွေက မယ်မယ်နဲ့ မင်းသားလေးကို အပူတပြင်း လိုက်ရှာနေပါတယ် မြန်မြန်ပြေးပါတော့..." နန်းတော်အဆောင်ကြီး တခု၏ အလယ်တွင် နန်းတွင်းသူတယောက်က ဝတ်ရုံရှည်ဝတ်ဆင်ထားသူ တယောက်ကို လျှောက်တင်နေခြင်း...

"ငါမပြေးဘူး...အိမ်ရှေ့စံမင်းသားကို ငါအဆိပ်မခတ်ဘူး...ငါ့လိပ်ပြာငါလုံတယ်..မင်းကြီးမှာ အပြစ်မရှိသလို မင်းသားလေးမှာလည်း အပြစ်မရှိဘူး..." ခေါင်းပြတ်ခါနီး အခြေအနေမှာပင် ရာဇမာန်ကို လုံးဝမချသော အာဂမိဖုရားပင်...

"ဒါမဲ့ မယ်မယ် မပြေးရင် အသက်ချမ်းသာပေးမှာ မဟုတ်ဘူး မင်းသားလေးကို ငဲ့ညှာသင့်ပါတယ်.."

"သားတော် ကို ရင်ခွင်ပိုက်ပြီး မင်းပြေးပေတော့...ငါတို့ မိစ္ဆာဂိုဏ်းရဲ့ အမြင့်ဆုံး အဆိပ်သိုင်းကျမ်းကို ထည့်ပေးလိုက်မယ်...ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မင်းသားကို အသက်ရှင်အောင် မွေးပါ...ဒီနေ့ကစ Park Ji Hoon လို့ခေါ်တွင်စေ..မင်းမျိုးဖြစ်ကြောင်း မလိုအပ်ရင် ထုတ်ပြောဖို့မလို...လက်စားချေစရာလည်းမလိုဘူး...သာမန်ဘဝနဲ့ပဲ ကြီးပြင်းပါစေ.."

"ဟုတ်ကဲ့ မယ်မယ်..."

"လာ..သားတော်ကို နောက်ဆုံးတခေါက် ကြည့်ပါရစေ..."

မိဖုရားကြီးက လသားအရွယ် သားတော်လေးကို တချက်နမ်းပြီး အပျိုတော်လက်ထဲ အပြီး ထည့်ပေးလိုက်သည်...

လျှို့ဝှက်လမ်းမှ အပျိုတော်နှင့် မင်းသားလေး ပြေးပြီး သိပ်မကြာ မိဖုရားရှိရာ နန်းဆောင်သို့ အဆိုပါ ပုန်ကန်သူတစုရောက်လာသည်...

"မင်းသားရော.."

"ငါ့လက်နဲ့ အရင်သတ်လိုက်ပြီ.."

"ကိုယ့်သားကိုယ် သတ်ပါ့မလား မိစ္ဆာမပေမဲ့ မိခင်စိတ်ရှိသေးတယ် ထင်တာပဲ.."

DestinyWhere stories live. Discover now