Love from Different World

62 5 0
                                        

Love From Different World

                     Intro

အဝေးပြေးကားလမ်းမ ပေါ်မှာ အပန်းရောင် ပြိုင်ကားလေးတစ်စီး ဟာဆိုရင် လေးညှို့ကနေပြီး ပစ်လွှတ်လိုက်တဲ့ မြားတစ်ချောင်းအလား ဝှစ်ကနဲ လှစ်ခနဲ နေအောင် အရှိန်ပြင်းစွာဖြင့် မောင်းနှင် လာနေတယ်။

တစ်နေရာအရောက်မှာတော့ အလွန်ပြင်းထန် ကြမ်းတမ်းစွာတိုက်ခတ်နေတဲ့ မုန်တိုင်းစက်ကွင်းထဲ ကို ကားလေးဟာ မောင်းဝင်မိသွားတော့တယ်။

ကားပေါ်က ကောင်မလေးကတော့ ကိုးရီးယားမှာသာမက LA မှာပါ ကျော်ကြားနာမည်ကြီး နေတဲ့ Hwang Business company ရဲ့ တစ်ဦးတည်းသော သမီးလေး Tiffany Hwang ဘဲ ဖြစ်ပါတယ်။

Hwang company ပိုင်ရှင် Mr.Hwang မှာ သားတစ်ယောက်
သမီးတစ်ယောက်ရှိပါတဟ်။

Tiffany Hwang ကတော့ အငယ်မလေးပေါ့။

Tiffany ရဲ့ အထက်မှာတော့ သူ့ကို တုန်နေအောင်ချစ်တဲ့ သူ့အစ်ကို Leo Hwang ပါ။

တစ်ဦးတည်းသာရှိတဲ သမီးအငယ်ဆုံးကို Mr.Hwang မှာ တုန်နေအောင်ချစ်သလို အရာရာမှာ အလိုလိုက်ထားတော့တယ်။

အဖေရဲ့ အလိုလိုက်ခြင်းကို ခံရရုံမဟုတ် အစ်ကို ကပါ အလိုလိုက်ထားတဲ့ အလှ မင်းသမီးလေး Tiffany Hwang ဟာ ဆိုရင် အလွန်ကို ထက်မြက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။

ဒါပေမယ့် Tiffany ဟာ ထူးဆန်းတာ မှန်သမျှ ပြောရမယ်ဆိုရင်တော့ သဘာဝလွန် ဖြစ်ရပ်တွေ ကိုအလွန်စိတ်ဝင်စားသလို မှော်နဲ့ ဆိုင်တဲ့ အကြောင်းတွေကို လေ့လာ ရှာဖွေရတာကို ဝါသနာထုံသူတစ်ယောက်ဖြစ်တယ်။

ဒါကြောင့်လည်း အခု ဒီလောက် မုန်တိုင်းထန်နေတဲ့ နေရာကို ဇွတ် မောင်းလာခဲ့ခြင်းသာ။

တစ်ခုခု ထူးခြားတာတွေ့လိုတွေ့ငြားဆိုပြီးတော့ပေါ့။

Love from Different WorldWhere stories live. Discover now