episode 1

588 26 2
                                        

သူမ နာမည်က Yumi ..

ကြယ်တွေ စုံ နေတဲ့ ညမျိုး မှာ သူမက အိပ်ပစ်ရမှာကို နှမြောလွန်းသူ...
ဖတ်လက်စ ဝတ္ထု စာအုပ် ကလေးကို ပိုက်ရင်း လှပ်ထားသော ပြတင်းတခါးမှ ကောင်းကင်ကြီးကို
မော့ကြည့် လိုက်သည်......

ကောင်းကင်ကြီး တွင် ကြယ်ကလေး များ က လဲ့လဲ့ ကလေး လင်းလက် သည် ...

သန်းခေါင်ယံ အချိန်မို့ ပတ်ဝန်းကျင်က ခြောက်ခြားစရာကောင်းအောင် တိတ်ဆိတ် ငြိမ်သက်နေသည်....

ဟူး..........

သူမက သက်ပြင်းသဲ့သဲ့ ချရင်း...ဝတ္ထု စာအုပ်ကို ဆက်ဖတ် ဖို့ကြိုးစားလိုက်သည်

နာရီသံ တစ်ချက်ချက် က အိပ်ဖို့သင့် နေပြီ ဆိုသော
သဘော ကို ဆောင် နေသလို ...

ည တစ်နာရီ ကျော်နေပြီ....မနက် ကျောင်းတက် ရဦးမည်မို့ တွေးလက်စ အတွေး တို့ကို ဖြတ်တောက်
ပြစ်လိုက်သည် ...

ထို့နောက်...အိပ်မက် ကမ္ဘာဆီသို့......

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာ.... ငါတော့ သေပြီ ....

ညက ဝတ္ထု ကောင်းမှု နှင့် နိုးစက် မပေးခဲ့မိ...

Yumi သွားတိုက် မျက်နှာသစ်ပြီး...ကျောင်းဝတ်စုံကို ကောက်စွပ်လိုက်သည် ...

ကျောအလယ်ပိုင်း အထိ ဝဲကျ နေသော မတိုမရှည်
ဆံစ တို့ကို လက်နဲ့ ရှင်းလိုက်ပြီး ခေါင်းစည်း ကြိုးနဲ့ သိပ် စည်း လိုက်သည် ....

ဒုန်း...ဒုန်း....

အမလေး...လေး...သမီးလေး တစ်ယောက်မွေးထားပါတယ် အနေအထိုင် တတ်ပုံကတော့  ....

Omma ...မစား တော့ဘူး....သွားပြီနော်...တာ့တာ

ဟဲ့......ဟဲ့.....
.......... ........ ......... .......... ........
 
ဒီနေ့ က သူမ ရဲ့ အထက်တန်း တတိယ နှစ်..တက်ရမဲ့ ပထမဆုံး ရက်...

၁၈ နှစ် ပြည့်ပြီ ဖစ်သော သူမက ... အသက် နဲ့ မလိုက် အောင် ကလေး ဆန် သလို....တလွဲ တွေ လည်း သိပ်လုပ် တတ် လို့ ကျောင်းမှာ နာမည်ကြီးသူ 😂

...............................................

Yumi အတန်း ရှေ့ရောက်တော့ အတန်းထဲ မှာ ဆရာဝင်နေပြီ....

Mr.jeonWhere stories live. Discover now