အသွင်​​ပြောင်း ဖဲချပ်​---15

Start from the beginning
                                    

မထူး​တော့သည်​​ကြောင့်​ ​ဆော့စ်​ဘူးကိုင်​ထား​သော
လက်​ကိုအမြန်​အလုပ်​​ပေးလိုက်​ရင်း...
လူကလည်းတစ်​ပတ်​ပြန်​လှည့်​ကာ ​ရေ​နွေးအိုးခလုတ်​ကို
လှမ်းပိတ်​လိုက်​သည်​။
သို့​သော်​... ကြံစည်​သမျှသည်​ ရုပ်​ရှင်​ဇာတ်​လမ်းတွဲ​တွေ
ထဲက ပြကွက်​​တွေလို အစီအစဉ်​တကျဖြစ်​မလာ။

ဆော့စ်​ဘူးကို အဖုံး​သေချာမပိတ်​ထား​သောတရားခံကို
ပဲ အပြစ်​တင်​ရမည်​လား... ... ...၊
အချိန်​​ကောင်းကိုက်​စွာ အချက်​​ပေးလာ​သော​ရေ​နွေးအိုး
ကိုပဲအပြစ်​တင်​ရ​လေမည်​လား...။
လက်​ညှိုးထိုးအပြစ်​တင်​စရာ ​ရေ​ရေရာရာမရှိ​သော
အချိန်​အပိုင်းအခြားတစ်​ခု၏အဆုံးသတ်​တွင်​​တော့...
ကျွန်​​တော့်​အင်္ကျီ​ပေါ်တွင်​ လှလှပပကြီး​နေရာယူ​နေပြီ
ဖြစ်​ပါ​သော ​ဆော့စ်​အနီကွက်​ကြီးကို​ လက်​ခံလိုက်​ရ
လေသည်​...။

" tsk! ​သေစမ်း... "

စိတ်​ပျက်​စွာ ကျစ်​သပ်​သံ​ကြောင့်​ သူ လှည့်​ကြည့်​လာ
သည်​။ ကျွန်​​တော့်​အင်္ကျီ​ပေါ်က ကြည့်​ရတာအဆင်​မ​ပြေ
သော ​ဆော့စ်​အနီကွက်​ကြီး​ကြောင့်​... အနည်းငယ်
တော့ သူ ​ယောက်​ယက်​ခတ်​သွား​သေးသည်​။

" ခဏ...ခဏ​နော်​... ငါ အင်္ကျီသွားယူ​ပေးမယ်​ "

လှစ်​ခနဲ​ပြေးထွက်​သွား​သော Baekhyun၏ သွားရာ
ကို ကျွန်​​တော်​လိုက်​မကြည့်​မိလိုက်​သည်​က...
မှားယွင်း​သောအ​ခြေအ​နေတစ်​ခု၏ နိဒါန်းပျိုးဖြစ်​လာခဲ့
သည်​။ ဘူးအနီ​လေးကို အနားက စားပွဲ​ပေါ်လှမ်းတင်
လိုက်​ပြီး ကျွန်​​တော့်​အင်္ကျီ​ပေါ်က ​ဆော့စ်​​တွေကို
စိတ်​လက်​ကုန်​ခမ်းစွာ ငုံ့ကြည့်​လိုက်​မိ၏... ... ...။

တကယ့်​ကို ​စေးထန်းထန်းနိုင်​လိုက်​မည့်​အဖြစ်​။

" မလာ​သေးဘူးလား "

ဝတ်​ထား​သောအင်္ကျီကိုအလျင်​အမြန်​ချွတ်​လဲပစ်​လို
စိတ်​နှင့်​ သူ သွားသည်​မှာသိပ်​မကြာ​သေး​ဆို​သော
အချက်​ကို ကျွန်​​တော်​သိသိသာသာပင်​ လျစ်​လျူရှုပစ်
လိုက်​သည်​။ ရုတ်​ခြည်း သတိရမိသွား​သောအချက်​က
အိမ်​​ရှေ့က တံခါးမကြီးကိုပင်​... ... ...။
အခုချိန်​ ရုတ်​တရက်​​ပြေးထွက်​သွားရင်း Baekhyunဆီမှ ကျွန်​​တော်​လွတ်​​မြောက်​ရန်
ကြိုးစားကြည့်​လိုက်​လျှင်​ ကံတရားက မျက်​နှာသာ​ပေး
ကာ ကျွန်​​တော့်​အား အပြင်​​လောကကိုပြန်​ထိ​တွေ့ခွင့်
ပေးချင်​​ပေးလိမ့်​မည်​။
အင်္ကျီ​ပေါ်က စိတ်​ရှုပ်​စရာအကွက်​ကြီးကိုပင်​ ခဏတာ
မေ့​လျော့သွားရင်း တံခါးရှိ​နေမည့်​ဘက်​သို့
ယမ်း​ယောင်​လှမ်းကြည့်​လိုက်​မိ၏... ... ...။
ထို့​နောက်​... မသိမသာတိုး​ရွေ့သွားပါ​သော​ခြေလှမ်း။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now