My Heart is Yours ♥

606 48 1
                                        

" ပြန်ပေးကွာ ငါ့ဟာပြန်ပေး မင်းစိတ်ပုတ်လှချည်လား "

ကျွန်တော် သူ့နောက်အမှီလိုက်ရင်း အော်ပြောလိုက်သည်။

" မပေးဘူး ဖြဲပစ်မယ် "

ပြောပြောဆိုဆိုနှင့် သူ့လက်ထဲက ကောင်မလေးတစ်ယောက် ကျွန်တော့်ကို ပေးထားတဲ့ ရည်းစားစာကို ဆုတ်ဖြဲလိုက်သည်။

တွေ့လား ဆိုသည့် မျက်နှာပေးနှင့် လက်ပိုက်ကာ ပြုံးနေလေရဲ့

"မင်းကွာ လုပ်ပြန်ပြီ " ကျွန်တော်စိတ်ပျက်စွာ ပြောလိုက်သည်။

အရင်က ရခဲ့သမျှ စာများလည်း သူ အခုလို လုပ်နေကြပင်။

" hyung ကို ကျွန်တော် တစ်ယောက်တည်း အပြည့်အ၀ချစ်ချင်တာ " ဟုဆိုကာ မျက်နှာငယ်လေးနဲ့ ရင်ခွင်ထဲပြေးဝင်လာတော့ ကျွန်တော်အလိုက်သင့်ပြန်ဖက်ရင်း ပြုံးမိသည်။

အရမ်းချစ်တာကြောင့် သ၀န်တိုတတ်တဲ့ ကလေးဆိုးလေး။

ရင်ခွင်ထဲမှထုတ်ကာ ဆံပင်လေးတွေကို သပ်ရင်း နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်တော့ သူ့ရဲ့ပါးနုရောင်ပါးလေး ပိုရဲလာသည်။

ဒီလူသားလေးကို အသည်းယားလွန်းလို့ ဘယ်လိုလုပ်ရပါ့!

..............................

" hyung hyung hyung "

" ဘာလဲကွာ မနက်ထဲက တဂျီဂျီ လာလုပ်မနေနဲ့ သွားကွာ "
ကျွန်တော် ဆွဲလက်စ ပန်ချီကားပေါ်မှ အာရုံမခွာဘဲ လှမ်းပြောလိုက်သည်။

ကုတင်ပေါ် ထိုင်နေရာမှ သူထလာပြီး ကျွန်တော့်ဘေးလာရပ်သည်။

ကပ်ပါးကောင်လေး သူလိုတာမရမချင်း နားပူနားဆာလုပ်တတ်သည်။

" hyung ကလည်း ကျွန်တော်နဲ့ အတူ လျှောက်လှည်မယ်ဆိုပြီးတော့ "

" ငါမှမအားတာ မင်းလည်း မြင်ရဲ့သားနဲ့ "

ကျွန်တော်ခပ်ပြတ်ပြတ် ပြောလိုက်တော့ သူ့ရဲ့ လက်များနှင့် ကျွန်တော့်ကို ရစ်သိုင်းလာဖက်သည်။

ထို့နောက် ကျွန်တော့် ပါးပေါ်ရောက်လာတဲ့ အနမ်းတစ်ခု။
ဒီကောင်လေးတော့ ကျွန်တော့် အားနည်းချက်ကိုသိပြီး အနိုင်ကျင့်နေပြန်ပြီ။

My Heart is Yours ♥ Historias para obsesionarse. Descúbrelo ahora