P.A.I.N-(Final)Z×U

Start from the beginning
                                    

"Hyung ဒီ​နေ့ ကျွန်​​တော့်​ ရင်​ခွင်​ထဲမှာအိပ်​..."

KyungSoo ပြုံးပြကာ ​ခေါင်းညိမ့်​ပြလိုက်​သည်​။

လေးလံ​နေ​သော မျက်​ခွံများ အလုံးစုံမပိတ်​ခင်​ နဖူး​ပေါ်သို့
နွေး​ထွေး​သော စိုစွတ်​မှုကို KyungSoo ရလိုက်​သည်​။

"Good night hyung.."

~~~~~~~~~~~~

မျက်နှာ​ပေါ်ကို ​နွေး​ထွေး​သော ​နေ​ရောင်​ခြည်​ ကျ​ရောက်​တာ​ကြောင့်
ဦးစွာမျက်​လုံးများပွင့်​လာသည်​။

လက်​တစ်​ဖက်​​ပေါ်က ​လေးပင်​တဲ့ အထိအ​တွေ့​ကြောင့်
ငုံ့ကြည့်​မိ​တော့ ခါးကိုဖက်​ကာ ရင်​ခွင်​ထဲမှာ အိပ်​စက်​​နေ​သော
Hyung....

ကျန်​တဲ့ လက်​တစ်​ဖက်​နဲ့ မျက်​နှာပြင်​​လေး​ပေါ် ခပ်​ဖွဖွ​လေးထိ​တွေ့​မိသည်​။

နဖူး​ပေါ်သို့ ကျ​နေ​သော ဆံပင်​အုပ်​အုပ်​​လေးကို သပ်​ ​ပေးရင်း
မနက်​ခင်း အနမ်းကို ​​ခြွေမိလိုကိသည်​။

ထို့​နော်​ အသည်းပုံ​နှုတ်​ခမ်း​လေး​ပေါ်သို့ ဖြည်းဖြည်းချင်း ဦးတည်​သွားသည်​။

မျက်​ရည်​စများ​ရော​နေ​သော ထိုအနမ်းကိုအိပ်​​ပျော်​​နေ​သော
ကောင်​​လေးတစ်​​ယောက်​က​တော့ မသိခဲ့​ပေ။

KyungSoo ​ကို သူ့လက်​​ပေါ်က​နေ ​ခေါင်းအုံး​ပေါ်သို့
အသာအယာ ​ပြောင်း​ပေးကာ

Company သွားဖို့ ပြင်​ဆင်​လိုက်​သည်​။

အမည်း​ရောင်​ suit ကို သပ်​ရပ်​စွာ ဝတ်​ဆင်​ထား​​​သော
လူတစ်​​ယောက်​၏ မျက်​နှာ​ပေါ်တွင်​ မ​ကျေနပ်​ချက်​များက
ထင်​ဟပ်​​နေသည်​။

မှန်​ထဲမှာ ​ပေါ်​နေ​သော မိမိကိုယ်​ကိုမိမိ ပြန်​ကြည့်​ကာ အဓိပ္ပါယ်မသိ​သောအပြုံးကို ဆင်​မြန်းလိုက်​သည်​။ တစ်​ပြိုင်​နက်​ထဲမှာပဲ အိပ်​ရာ​ပေါ်မှာ ဖြူစင်​စွာအိပ်​​ပျော်​​နေ​သော သူကိုကြည့်​ပြီး မျက်​ရည်​ကျမိသည်​။

"Miyan hyung...​ကျွန်​​တော်​တို့ ဇာတ်​လမ်းပြီးဆုံးပြီ
ကောင်း​ကောင်း​နေခဲ့​နော်​...hyung မသိနိုင်​​ပေမယ့်​ ရင်​ထဲက
အမှန်​တရားကို ​ပြောပါ​စေ...

P.A.I.N [Z×U]Where stories live. Discover now