~~2~~

1.2K 201 17
                                    


“ဘယ်လိုလဲမင်းရဲ့ဇာတ်လိုက် ဒီနေ့လဲမလာဘူးလား.....”

အသံမထွက်နိုင်...။

ခေါင်းသာညိတ်ပြလိုက်သော ကျွန်တော့်ပုံစံကို စီနီယာ စိတ်ပျက်လက်ပျက်ခေါင်းယမ်းပြသည်....။

ဒီနေ့နှင့်ဆိုလျှင် သူပန်းချီမဆွဲတာ နှစ်ပါတ်ပြည့်လေပြီ..။

တခြားနေရာတွင် သူပန်းချီဆွဲနေသလား ကျွန်တော်မသိနိုင်သော်လည်း...
ကျွန်တော်စောင့်ကြည့်နေကျနေရာကိုတော့ သူရောက်မလာခဲ့တာ သေချာသည်...။

“ဒါနဲ့လေ...စီနီယာ.....”

“ပြော....”

စာအုပ်ထူထူတွေကိုသာ စူးစိုက်ကြည့်နေသော စီနီယာ့ပုံရိပ်က ဆွဲဆောင်မှူရှိလွန်းသည်...။

ဘာကြောင့်များ Single ဖြစ်နေရပါလိမ့်...။

ခင်မင်ခဲ့ကြသည့်ရှည်ကြာသောသက်တမ်းတလျှောက်မှာ စီနီယာဆီမှ မည်သည့်လူသားကိုမျှ စိတ်ပါဝင်စားသည်ဆိုတာမျိုး တစ်ကြိမ်တစ်ခါမှ မကြာဖူးခဲ့ပါ...။

“...ဟင်း...”

ကျွန်တော်အသံတိတ်နေလေတော့ သက်ပြင်းတစ်ချက်နှင့်အတူ ကျွန်တော့်ကိုမော့ကြည့်ပြီး မျက်ခုံးပင့်ပြလေသည်...။

“ဟိုလေ..... ကျွန်တော်နဲ့အတူလိုက်ခဲ့ပေးပါလား.....”

“Byun Baekhyun....”

“ဟုတ်....”

“မင်းဒီလိုလုပ်နေတာတွေကို မင်းဒယ်ဒီကိုပြောလိုက်ရမလား....”

သိမ်မွေ့ညင်သာသောစကားဖြစ်သော်လည်း ခြိမ်းခြောက်ခြင်းမည်ပေ၏...။

အသာနှုတ်ဆိတ်ကာ အကြံထုတ်နေမိသည်...။

“...ကျွန်တော်ပြန်တော့မယ်...စီနီယာ...”

“ချက်ချင်းကြီးပါလား....
ကြွ.....”

အဲ့တာကြောင့်ရည်းစားမရတာ...။

စိတ်ထဲကနေကြိတ်ကဲ့ရဲ့မိရင်းခြေလှမ်းတွေကို အမြန်လှမ်းလာလိုက်သည်...။

***********************************

အမှန်တိုင်းဝန်ခံရလျှင် ကျွန်တော်အနည်းငယ်ကြောက်နေမိသည်...။

Beyond The DeepWhere stories live. Discover now