j- မင်း အဲ့လိုလုပ်လို့မရဘူး... sing

S- ဘာလို့လဲ...P'... ကျွန်တော် မခံစားနိုင်တော့ဘူး...သိရမှဖြစ်မယ်

J- ဘာကို သိချင်တာလဲ.. မင်းက...

S- သူတို့က ဘာတေလဲ ဆိုတာကို... သွားမေးမလို့

J- ဘာ...မင်းရူးနေပြီလား..Sing အဲ့လို သွားမေးရင် မင်း Image ထိခိုက်မှာပေါ့.. မင်း မစဉ်းစားတတ်ဘူးလား

S- ကျွန်တော် စိတ်မဝင်စားဘူး.... ကျွန်တော် ရင်ဘတ်ကြီး ပေါက်ထွက်တော့မယ်...

J- မင်း..စိတ်လျှော့လိုက်စမ်းပါ... မင်း သိချင်တာကို ငါစုံစမ်းပေးမယ်...မင်းသာ စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါ.. ခု ခနနားလိုက်တော့ တော်ကြာ ပြန်စတော့မယ်

ဟု P'Jane က ပြောကာ ပခုံးကို ၂ချက်လောက် ပုတ်ပြီး ကျွန်တော့နားက ထွက်သွားတော့သည်။

ကျွန်တော် p'Jane ပြောသော Image တွေ ဘာတွေ ကို စိတ်မဝင်စားပါ။ ဒါပေမဲ့ P'Jane ကတော့ ကျွန်တော့အတွက် အကို တယောက်လိုဖြစ်နေ၍ စိတ်ပူနေလိမ့်မည်။ ထို့ကြောင့် P'jane ကို အားနာလို့ငြိမ်နေလိုက်သည်။ ပြီးတော့ မေးပေးမည် ဟု ပြောလာသော P' ကိုလဲ ယုံကြည်မိ၍ ငြိမ်နေလိုက်ခြင်းလဲ ဖြစ်သည်။

Jane'pov

မနက် အခန်းကို သွားထဲက Sing တယောက် ထူးဆန်းနေသည်ကို သိလိုက်ရသည်။ အလုပ်တူတူလုပ်လာသည့် ၃ နှစ်တာ သက်တမ်းအတွင်း မနှိုးရသည့် နေ့ မရှိခဲ့သည့် Sing လို လူမျိုးက မနက်က စောစောထပြီး အကုန်ပြင်ဆင်ပြီးနေပြီ မဟုတ်ပါလား။ ရိုက်ကွင်းကိုေ၇ာက်ပြန်တော့လဲ လုပ်ရမည့်အလုပ်ကို စိတ်မဝင်စားပဲ ဟိုကောင်လေးကို သာ မျှော်နေလေသည်။ တကယ်ဆို Sing ဆိုတာက ကျွန်တော့ရဲ့ ညီလေး တယောက်ဆိုလဲ မမှားပါ။ Sing က အရင်က အလုပ်ကလွဲရင် ဘာမှ စိတ်မဝင်စားလို့ ကျွန်တော့မှာ သူ ဆိုက်ကို ဖောက်သွားမှာကို စိတ်ပူနေရသည်။ သို့သော်လည်း လွန်ခဲ့တဲ့ ၄ ၅ရက်လောက်ထဲက Sing အချစ်ဆိုသော အရာကို ရှာတွေ့ သွားခဲ့သည်။ ထို့ကြောင့် ကျွန်တော် ဝမ်းသာမိရသည်။ ကျွန်တော့ ဝမ်းသာမှုက တာရှည် မခံပါ။ Sing က ထိုကောင်လေးကို သဘောကျနေသည်မှာ တော်ရုံတန်ရုံ မဟုတ်သည်ကို တွေ့လာရသည်။ ထိုသို့ဖြစ်နေသည်ကို ကျွန်တော် စိတ်တိုင်းမကျပါ... ကြာလာလျှင် Sing ရဲ့အလုပ်ရော လူရော ထိခိုက်လာနိုင်သည်။ လူ့အလို နတ်မလိုက်နိုင် ဆိုသော စကားက မှန်လှပေသည်။ ဟိုကောင်လေးနှင့် Jirakit ဆိုသော တယောက်က ဘလိုပတ်သက်လဲ မသိပေမဲ့ ထို ကိစ္စအတွက် Sing စိတ်ဆင်းရဲနေမှန်းသိပါသည်။ သို့ပေမဲ့ ဒီလောက်ထိဖြစ်သွားလိမ့်မည်ဟုတော့ ထင်မထားပါ။ သူမျက်ရည်တေကျ နေကတည်းက ကျွန်တော် သူ့နားသို့ေ၇ာက်နေတာပါ။ တူတူတွဲ အလုပ်လုပ် လာသည့် သက်တမ်းအရ သူ့မျက်နှာ ကြည့်လိုက်သည်နှင့် ဘာလုပ်တော့မည်ကို သိလိုက်သည်။ ထိုနေရာတွင် လူတေ လဲ အများကြီးရှိနေပြီး တဖက်လူမှာလဲ အနုပညာ အသိုင်းအဝိုင်းထဲက ဖြစ်နေသောကြောင့် မဖြစ်သင့်တာတေ ဖြစ်မည်ဆိုးသောကြောင့် လှမ်းဆွဲ လိုက်ခြင်းသာ။ ခုလဲ အခြေအတင် သူနဲ့ ပြောပြီးနောက် ယောက်ကျားကြီး တန်မဲ့ စပ်စုရေး ဆင်းရပေအုံးမည်။ သူသိချင်တာကို မသိရမချင်း ကြိုးစားနေအုံးမည့် Sing အကြောင်းကို သိနေ၍ ကြားထဲက အာမခံလိုက်ခြင်းပင်။ အခုတော့ မျက်နှာပြောင်တိုက်ကာ သူများ အုပ်စုထဲ ဝင်ရောရပေအုံးမည်။ ကျွန်တော်လဲ မျက်နှာကို အစွမ်းကုန်ဖြဲကာ krist ဆိုသော ကောင်လေးကို စပြီး နှုတ်ဆက်လိုက်သည်။

J- Sawadii....nong တို့...

All-Sawadii...p'

J- Nong krist တို့ ဒီနေ့မလာဘူး ထင်နေတာ...ဒါနဲ့ ဒါက Jirakit ထင်တယ်နော်...

K- kub...p' ကျွန်တော် တို့ ကိစ္စပဲ လာရမှာပေါ့...အဆင်ပြေရဲ့လား...P' မင်းသားရော... အဆင်ပြေရဲ့လား..ဘာတေလိုသေးလဲ...

Jira- Kub..p'...ကျွန်တော်တို့တွေ့ဖူးတယ်မလား....MR.Singto ကိုလဲ လာနှုတ်ဆက်မလို့ပါပဲ...ဒီနားမှာ ကလေးတေချော့နေရလို့ပါ....

J- oii....nong krist....အကုန်အဆင်ပြေပါတယ်....Jirakit ရော တွေ့ရတာ ဝမ်းသာပါတယ်...ဘာမှမဟုတ်ပါဘူး...နေ့လည်စာတူတူစားဖို့လာခေါ်တာပါ...မစားရသေးရင် တူတူလိုက်စားပါလား....

Jira &Ahm- ကောင်းတာပေါ့....

K- အာ...မကောင်းပါဘူး...အားနာစရာကြီး...

Jira & Ahm- Kittt...

K- ok..ok...p' လိုက်ပါ့မယ်...ဘယ်မှာစားမလဲ...ကျွန်တော် ကျွေးပါ့မယ်...

J-ဒီ နားက ဆိုင်တခုခုမှာပဲ စားလိုက်မယ်လေ...

K- ဟုတ်... အဲ့ဒါဆို ဒီဘေးနားက ဆူရှီဆိုင်ပဲ သွားလိုက်ကြမယ်လေ...အဆင်ပြေတယ်မလား..

J- ok..လေ Sing လဲ ဆူရှီ ကြိုက်တယ်...သွားနှင့်လေ...သူ့ကိုသွားခေါ်လိုက်အုံးမယ်..

K- အမ်...သူရောလား....ဟုတ်သွားနှင့်မယ် ဟုဆိုကာ Jira နဲ့ သူ့လက်ထောက်ကောင်မလေးကို ဆွဲပြီး ထွက်သွားလေတော့သည်။ သို့နှင့် ကျွန်တော်လည်း ဟို သူငယ်လေးကို ခေါ်ပြီး အေးအေးဆေးဆေးသာ စောင့်ကြည့်ရန် ဖြောင်းဖြပြီး လိုက်သွားရလေတော့သည်။

❤ Moment To Forever ❤Dove le storie prendono vita. Scoprilo ora