P.A.I.N(part-15)Z×U

Start from the beginning
                                    

ဒါ...KyungSoo ရဲ့ အဖြူစင်ဆုံး ဆန္ဒတစ်ခု...

"ငါမျှော်လင့်ထားတာလေးတွေ ဖြစ်လာမယ်ထင်တယ် JongIn yrr"

"ငါမင်းအပေါ်ထားတဲ့ အချစ်စစ်က စစ်မှန်ခဲ့လို့ အခု ငါ့ဆီကို
ပြန်ရောက်လာတာထင်တယ် JongIn..."

KyungSoo အနာဂတ်လေးကို ကြိုတွေးပြီး နှစ်ခြိုက်စွာပြူံးလိုက်သည်။

~~~~~~~~~~

"ပျင်းစရာကြီး JongIn ပြန်လာဖို့လညိး အဝေးကြီးလိုသေးတယ်"

ဧည့်ခန်းက sofa ပေါ်ထိုင်ရင်း ညည်းတွားမိသည်။

"အာ...JongIn အခနိးကို သွားရှင်းပေးရမယ်..."..

JongIn ရဲ့ အခန်းလေးထဲဝင်ပြီး ပွနေသော ပစ္စည်းများကို
ရှင်းပေးလိုက်သည်။

ဗီဒို ထဲက အကျီင်္များကို နေရာတကျ ပြန်စီထားပြီး
အရာအားလူံးကို သပ်သပ်ရပ်ရပ်လေး ပြန်ထားပေးလိုက်သည်။

"ဟူး...အခုမှပဲ ပြီးတော့တယ်...အာ...စားပွဲရှင်းဖို့ ကျန်နေသေးတာပဲ
.."

စားပွဲပေါ်မှာ တင်ထားသော စာရွက်စာတမ်းတွေကို ရှင်းနေရငိး
စာအုပ်တစ်အုပ်ကျသွားတာကြောင့်
KyungSoo ယူကြည့်မိသည်။

"Hum..?။။ဒါ...ငါ့.diary စာအုပ်....
ဒါ...ဒါ..က... JongIn ဆီ ဘယ်လိုရောက်.....z+".

ရုတ်တရက် ခေါင်းထဲ ဝင်လာတဲ် အတွေးကြောင့်
KyungSoo ခေါငိးယမ်းပစ်လိုက်သည်၊

"ဒါ..ဒါ..ဆို...JongIn က သူ ချစ်နေတယ်ဆိုတာကျု သိနေခဲ့တာလား....

ဒါဆို...ဘာလို့..မသိချင်ယောင်ဆောင်နေရတာလဲ...
ပြီး...ပြီးတော့.. ရုတ်တရက်ကြီး.. ပြောငိးလဲလာတဲ်
သူ့အပြုအမူ...."

"Arnyi... ဘာတွေတွေးနေတာလဲ KyungSoo ရယ်..
မဟုတ်တာတွေကို..."

ပါးစပ်က မည်မျှပင် မဟုတ်ဘူးလို့ ရေရွတ့်နေပေမယ့်
အသိစိတ်ထဲကတော့ မွန်းကြပ်နေသည်။

သော့ခတ်ထားသော အံဆွဲလေးကို မြင်ပြီး
KyungSoo စိတ်တွေ အစိုးမရဖြစ်လာသည်။

P.A.I.N [Z×U]Where stories live. Discover now