လွန်ခဲ့သော ၇နှစ်တာအချိန်များသို့

Start from the beginning
                                    

"မစနဲ့ကွာ ရဲနိုင်"

ကျွန်တော်မော့ကြည့်လိုက်တာမှားသွားမှန်း
သူ့ရဲ့အကြည့်စူးစူးတွေကိုတွေ့လိုက်ရမှပဲ သိတော့တယ်။

"ငါ မစပါဘူး။ သုဝေ မင်းကလေ တကယ်ချစ်စရာလေးပဲ"

ပြောရင်း ကျွန်တော့နားတိုးကပ်လာသည်။
မလုပ်နဲ့လို့ သိစိတ်ကတားနေပေမယ့်
မသိစိတ်ကတော့ ရဲနိုင်ရဲ့မျက်ဝန်းတွေထဲ အဖြေရှာနေသည်။ စူးရှလွန်းသောအကြည့်တွေကြား သက်ပြင်းတွေ
ရှိုက်မိသည်။

"ဟာကွာ ဒီနှစ်ကောင်သတ်နေကြပြန်ပြီ။
သုဝေနဲ့ ရဲနိုင် တော်တော့ ဒါက ပြည့်စုံတဲ့
သူလည်း ဒီတစ်ခေါက်အသုတ်မှာ ပါအောင်ထွက်ရမှာကွ
သူ့အဖေက ငါ့ကိုအပ်ထားတာ။"

ဆရာ့အသံကြားမှ ကျွန်တော်တို့ ကိုယ်ရှိန်သတ်လိုက်ကြသည်။
ပြီးတော့ ရဲနိုင်က စပ်ဖြဲဖြဲနှင့် တွေ့ရတာဝမ်းသာပါတယ်ဆိုကာ ပြည့်စုံကို လက်ဆွဲနှုတ်ဆက်သည်။
ကျွန်တော့စိတ်ထဲ ရဲနိုင်က ပြည့်စုံကို ကျွန်တော့ထက်ပိုခင်မှာကြောက်ပါသည်။
မနာလိုဖြစ်တယ်ဆိုမလား။
သဝန်တိုတယ်လို့ခေါ်တာလား။
တစ်နေကုန်သူ့ကိုမခေါ်ပဲပစ်ထားလိုက်သည်။
သူကတော့မသိနိုင်ပါ
ကျောင်းသားသစ်မောင်ပြည့်စုံလေးကို စာရှင်းပြရှင်းအလုပ်ရှုပ်နေသည်။
ပြည့်စုံကလည်း သူ့ပခုံးကိုရိုက်ပြီးရယ်လိုက်
ပခုံးနှင့်တိုက်လိုက် ပေါင်တွေကိုကိုင်ပြီး တိုးတိုးကပ်ပြောလိုက်နှင့်။
လိုက်လည်းလိုက်ကြပါပေတယ်။

"ကဲ ဒီနေ့ အတန်းပြီးပြီ ။ မနက်ဖြန်တွေ့ကြစို့။"
ဟု ဆရာက ကိုရီးယားလို နှုတ်ဆက်လိုက်မှ
ကျွန်တော့ဝဋ်ကြွေးကုန်ပြီဖြစ်ကြောင်းသိလိုက်ရသည်။

ရဲနိုင်ကိုခေါ်လည်းမခေါ်၊ နှုတ်လည်းမဆက်ပဲ တစ်ယောက်တည်း သင်တန်းမှထွက်လာခဲ့သည်။

"ဟေး yeobo"

ကိုရီးယားလို အသည်းလေးလို့ ခေါ်တာဖြစ်သည်။
ဘယ်သူခေါ်မှန်းသိပါသည်။
ကျွန်တော်လှည့်မကြည့်ပါ။

"Yah . . . "

သူ ထပ်ခေါ်ပြီး အပြေးလိုက်လာသည်။
ပခုံးကိုဖက်ပြီး ကိုယ့်ချစ်သူကိုစောင့်မှပေါ့ဟု လာပြောသည်။
မကြည့်ချင်ပါ။ ဒီကောင် အူမြူးနေလို့ကို ကြည့်မရတာ။

မိုးသည်းညချစ်​သံစဉ်​Where stories live. Discover now