Part 2

15.4K 327 27
                                    

Uni

မိဘတွေကိုသတ်ခ့ဲတ့ဲသူကို
ချစ်မိသွားတယ်ဆိုရင် ကျမကိုရူးနေတယ်လို့
ထင်နေမလား..........

ခမည်းတော်န့ဲမယ်တော်ကွပ်မျက်ခံရတာကို
ဝင်မကယ်ပေးနိုင်တ့ဲ....
တာဝန်မကျေတ့ဲသမီးတစ်ယောက်အဖြစ်...

တစ်ဦးတည်းသောမောင်လေးန့ဲခွဲခွာရတာကို
နှုတ်ဆက်စကားတောင်မပြောနိုင်တ့ဲ...
အသုံးမကျစွာစောင့်ရှောက်မပေးနိုင်တ့ဲအမအဖြစ်
ကျမရဲ့ဘဝကိုစတင်ရလေပြီ...

ဖြောင်း....

အ!

ကျမရှေ့ကပြည်သူတွေကိုကျမ အရှေ့မှာ

ကျောပြင်ပေါ်ကြာပွတ်တွေန့ဲရိုက်နှက်နေတာတောင်..

ကျမမကယ်နိုင်ပါဘူး..ဟုတ်ပါတယ်

ကျမကအသုံးမကျတ့ဲမင်းသမီးတစ်ယောက်ပါ..

ကျမတို့လိုမိန်းမသားတွေကိုမညှာမတာ

လက်ကိုကြိုးတွေန့ဲတုပ်ထားရုံသာမက

ကျောပြင်ကရိုက်ချက်တွေ

အအေးဒဏ်တွေကိုအံတုခိုင်းပြီး

နယ်ယန်းကနေဂျိုဆွန်းပြည်အထိကို

လမ်းလျှောက်ကာ ဆွဲခေါ်ခ့ဲလေပြီ

ဂျိုဆွန်းရောက်လာခ့ဲလေပြီ(နည်းနည်းကျော် 😂 )

လှပတ့ဲမြို့လေးပေမ့ဲ နယ်ယန်းကို
မမှီတာတော့အမှန်ပါ

"ထိုင်နေစမ်းအကုန်"

ကျမတို့ကိုနန်းတော်ရဲ့ရင်ပြင်မှာထိုင်ခိုင်းထားလေသည်

"မြန်မြန်သွား မြို့အပြင်မှာသွားပစ်လိုက်"

နန်းတွင်းထဲကနန်းတွင်းသူတစ်ယောက်န့ဲ

ရဲမက်အချို့ကတော့ အိတ်တစ်ခုကိုလွှင့်ပစ်ဖို့

အလုပ်ရှုပ်ကာ ကျမတို့ကိုတောင်မြင်ပုံမပေါ်

"မင်းကြီးကြွလာပြီ"

ကျမသူ့ကိုမော့ကြည့်လိုက်တော့ ကျမမမြင်ရသေးခင်

ကျောပေါ်ကရိုက်ချက်န့ဲအတူ

"ခေါင်းငုံ့နေစမ်း ဘုရင်ကိုလူတိုင်းမော့ကြည့်ခွင့်မရှိဘူး
နားမလည်ဘူးလား"

အသုံးတော်ခံ(အပျိုတော်) 20+ ZG+UNWhere stories live. Discover now