P.A.I.N(part-13)Z×U

Magsimula sa umpisa
                                    

ကြံမရတဲ့အဆုံး
Kyungsoo ရဲ့ အဖေကို ဖုန်းခေါ်ကြည့်မိသည်....

"Hello arjishi ဟိုလေ hyung ရောက်လာသေးလားဟင်"

"အာ..မရောက်လာဘူးလား...."

"Arnyi မဟုတ်ပါဘူး hyung ကဒီနေ့ arjishi ဆီ
သွားမယ်လိုကြားလို့.မေးကြည့်တာပါ.ဘာမှမဖြစ်ပါဘူး.."

JongIn ဘာမှမဖြစ်ပါဘူးဆိုတဲ့
လိမ်ညာတဲ့စကားကိုဆိုလိုက်ရသည်...

ဖုန်းဆက်ပြီးတာနဲ့ Kyungsooရဲ့ အိပ်ရာလေးပေါ်မှာ
လှဲနေလိုက်သည်....

မျက်လုံးလေးမှိတ်ပြီး သူပြောခဲ့တဲ့ စကားတွေကို
ပြန်စဉ်းစားမိလိုက်သည်...

"စိတ်ပျက်မိတယ် " ဆိုတဲ့စကားကြောင့် Hyung ထွက်သွား
ခဲ့တာလား...

Wae hyung အရင်က ဒီ့ထက် ဆိုးတဲ့ မြင်ကွင်းမျိုးတွေတောင်
မြင်ခဲ့ဖူးတာကို...အခုမှ ဘာလို့ ထွက်သွားရတာလဲ..hyung ရယ်..

ကျွန်တော်တစ်ကိုယ်ကောင်းဆန်တာ သိပေမယ့်...hyung
ကိုတော့ ကျွန်တော့်ဘေးနားမှာပဲ နေစေချင်ခဲ့တာ.."

တစ်ကိုယ်တည်းကြားနိုင်တဲ့ စကားကိုဆိုပြီး
တောင်းပန်နေသည်....မျက်ရည်စလေးများကတော့
အဖော်ပြုလျက်.....

JongIn အိပ်နေရင်းကနေ ခေါင်းအုံးအောက်က ခပ်မာမာ
အရာတစ်ခု ကြောင့် ခေါင်းအုံးကို ဖယ်လိုက်ပြီး.
ထိုအရာကို ယူလိုက်သည်...

"Diary" ဟုရေးထားသော အမည်းရောင်စာအုပ်လေးကို
ကောက်ယူကာ ဖွင့်ကြည့်မိတော့.....

Hyung ရဲ့အကြောင်းတွေ....
Hyung နဲ့ကျွန်တော် လက်ထပ်ဖြစ်တဲ့ အကြောင်းတွေ...
Hyung ကျွန်တော့်ကို ချစိနေတဲ့ အကြောင့်းတွေ
သူ..နာကျင်နေရတဲ့ အကြောင်းတွေ.....

ထိုအရာအားလုံးကို ရေးထားခြင်းပင်....

"ချစ်နေခဲ့တာတဲ့လား....ဒါ...ဒါဆို..."

Kyungsoo ရဲ့အကြောင်းတွေကို ဖတ်ပြီးတာနဲ့
JongIn ငိုနေမိသညိ..

သူ..မသိခဲ့ပေ....Hyung ကချစ်နေခဲ့တာကို လူံးဝမသိခဲ့ပေ..
သူ့ကြောင့် Hyung နာကျင်ခံစားနေရတာတွေ...မသိခဲပေ့...

ဒါ..ဒါကြောင့်.ထွက်သွားခဲ့တာလား...

ကျွန်တော်"စိတ်ပျက်မိတယ်..". လို့ ပြောလိုက်တာကြောင့်....

P.A.I.N [Z×U]Tahanan ng mga kuwento. Tumuklas ngayon