Final-Part(25)Z×U

Start from the beginning
                                    

ခေါင်းကို ခါပြီး ဆက်လျှောက်မည်ပြုသော်လည်း..
မခံနိုင်အောငိကိုက်လာတာကြောင့်
မြေပြင်ပေါ် ပစ်လဲသွားသည်...

စားပွဲပေါ်က ဟင်းလေးတွေကတော့ အထီးကျန်ဆန်လျက်...

~~~~~~~~~~~

Kai အိပ်ရာက နိုးတာနဲ့ Kyungsoo မရှိတာကြောင့်
စိုးရိမ်ကာ လိုက်ရှာသည်...

အိမ်ပေါ်ထပ်တွင် မရှိတာကြောင့်
အောက်ထပ်ကို ဆင်းပြီး ရှာတော့လည်း မတွေ့

ထို့ကြောင့် နောက်ဆူံး မီးဖိုချောင်ထဲဝင်လာတော့

မြေပြင်ပေါ်ခွေခွေပစ်လဲနေသော Kyungsoo ရယ်
စားပွဲပေါ်က ဟင်းတွေကို မြင်ပြီး

ဆောက်တည်ရာမရ ဖြစ်ပြီး ငိုကြွေးကာ
Kyungsoo ကိုယ်လေးကို ပွေ့ချီပြီး.ဆေးရုံသို့အမြန်ပို့လိုက်သည်

အရေးပေါ်လူနာဆောင်သို့ပို့ပြီး...စစ်ဆေးမှုတွေလုပ်ပြီးတာနဲ့
VIP room ထဲမှာ ထားလိုက်သညိ

"Hello luhan လား...ငါပါ Kai...
Baby...baby လေ...."

Kai ဆက်မပြောနိုင်တော့ပဲ ဖုန်းချလိုက်သည်
ဒီလောက်ဆိုလျှင် Luhan လည်း သိနေပါပြီလေ...

နာရီလောက်ကြာတော့ Luhan အခန်းထဲဝင်လာပြီး
အိပ်နေသော Kyungsoo ကို ကြည့်ပြီး ငိုကြွေးနေသည်

Sehun ကတော့ ဘေးမှာ နှစ်သိမ့်ပေးလျက်...

Kai လည်း မခံစားနိုင်တာကြောင့် အပြင်ထွက်ပြီး
တိတ်တဆိတ် ငိုကြွေးနေသည်

Flash back.......

ဆရာဝန်ကြီးက ဆွေးနွေးမယ်လို့ပြောတာကြောင့်
Kai နဲ့ Luhan ဆရာဝန်ကြီးရဲ့နောက်ကို လိုက်ခဲ့သည်..

"ဆရာ...ဘာကိုဆွေးနွေးမလို့လဲ မသိဘူး...".

"လူနာနဲ့ ဘာတော်လဲ..."

"လူနာနဲ့ လက်ထပ်မယ့်သူပါ..."

"ဆွေးနွေးချင်တယ်ဆိုတာက လူနာအတွက်ပါ..
လူနာမှာ ရောဂါရှိတာသိလား...."

"ဟမ်....ဘာ...အခု ဘာပြောလိုက်တာလဲ..မသိဘူး..."

"သိပါတယ် ဆရာ.."

အသက်တမျှသူ[Z×U]Where stories live. Discover now