"စိတ်ထိန်း Soo ရယ်" ကွကို သတိပေးလိုက်တယ်

ဒါပေမဲ့လည်း ကံဆိုးချင်တော့ကား ညမအိပ်ဘဲ စာလုပ်လိုက်လို့ထင်ပါရဲ့ သင်တန်း အပြန် လူက ဘလိုမှ မခံစားနိုင်တော့ဘဲ မူးလဲသွားရော

အဲလိုနဲ့ ဆေးရုံလည်း ရောက်ရော သတိပြန်လည်လာတဲ့ အချိန်မှာ Yoon က ကျမဘေးမှာ စောင့်နေလေရဲ့

"Soo ရေ သက်သာပြီလား ~ နင်မှာလည်း မဖြစ်စဖူး ငါ ဘယ်လောက် စိတ်ပူသွားရလည်း သိလား။ ညက အဲတာကြောင့် ပြောတာ စောစော အိပ်ပါလို့။ ခုတော့ ကြည့်ဦး တွေ့လား နင်ဟာလေ ငါ့စကားဆို *+^";(#&$&!"

အော် Yoon တယောက်လည်း အမေကြီးကျနေတာဘဲ ... ကျမနိုးလာတာနဲ့ ဘေးနားကနေ ပွစိပွစိနဲ့ ဆူရော။ သူလည်း တော်တော် စိတ်ပူသွားရှာမှာဘဲ Yoon လို သူငယ်ချင်းမျိုးရတာ ကံကောင်းလိုက်တာ ဆိုပြီး ကွကို တွေးကာ ပြုံးလိုက်တယ် ...

"YAAA Soo ... ဒီက ပြောနေတာကို သူက ပြုံးနိုင်သေးတယ်နော်"

"အေးပါ Yoon ရယ် ... နင်ဟာလေ အဘွားကြီးကျနေတာဘဲ ပွစိပွစိနဲ့"

"အမယ် ဘာ ပွစိပွစိလည်း"

"ဟုတ်ပါပြီ အခုငါမှ မဖြစ်တော့ပါဘူး နားလိုက်ရင်ရပါပြီ"

"အေး ... ဆရာဝန်ကလည်း မနက်ဖြန် မနက်ဆို ဆေးရုံဆင်းလို့ရပြီတဲ့"

"Imm ... အဲ ... ဒါနဲ့ ခုညရောက်နေပြီလား"

"အေးလေ ... ၇နာရီထိုးဖို့ ၅မိနစ် လောက်ဘဲလိုတော့တာ"

"ဟာ သွားပါပြီ"

"ဘာလို့"

"Seok Jin oppa လေ"

"အော် အေ ... ငါလည်း မေ့နေတာ နင့်ကို fansign မှာ ပြောတဲ့ဟာ"

"အေးဟာ ... ဒုက္ခဘဲ စိတ်ညစ်တယ်"

"ငါ အခု အဲကို သွားလိုက်မယ်။ နင်တော့ သွားမယ် စိတ်မကူးနဲ့ မိန်းမ။ ကိုယ့် အခြေအနေ ကိုယ်ကြည့်"

"အေးပါ Yoon ရယ် ကျေးဇူးပါဟာ"

"မလိုပါဘူး ... ဒါဆို သွားပြီ အနားယူလိုက်ဦး"

"အင်းပါ"

အဲဒါနဲ့ ကျမလည်း တရေးပြန် အိပ်လိုက်တယ်

Você leu todos os capítulos publicados.

⏰ Última atualização: Nov 26, 2017 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

The Meaning of LOVE?Onde histórias criam vida. Descubra agora