"hk ဒါပဲလား....မင်း မြင်​သလို
ငါမပြည့်​စုံဘူး သု​နြေ္ဒ ..
ဒီမှာ ငါ့မှာရှိတဲ့ အရာ​တွေက ငါပိုင်​တာ​တွေမဟုတ်​ဘူး
ငါက...ဘားမှမရှိတဲ့ အခွံ..."

" ကိုသစ်​ မူး​နေပြီ "

" ငါ့မှာ...ငါ့မှာ ပိုင်​ဆိုင်​တာဆိုလို့ လူမဆန်​တဲ့
သူတစ်​​ယောက်​ရဲ့ သားဆိုတဲ့ ဂုဏ်​ပုဒ်​ပဲ ...
ဘာလို့လဲ ...ဘာလို့ ငါက သူအမုန်းဆုံး သူတစ်​​ယောက်​ရဲ့
သားအဖြစ်​ ​မွေးဖွားခဲ့တာလဲ ...ဘာလို့လဲ...."

"ကိုသစ်​ "

"မင်းသိလား ....ဒီမှာ ...ဒီက အရမ်းနာကျင်​ရတယ်
ငါ သူ့ကို သိပ်​ချစ်​တာ ဒါ​ပေမယ့်​ ...ငါက...ငါက
သူ့ကို ချစ်​ခွင့်​မရှိတဲ့သူဖြစ်​​နေတယ်​...."

ချစ်​ရသူရဲ့ မျက်​ဝန်းက ကျတဲ့မျက်​ရည်​​တွေကို ကျမ
မမြင်​ချင်​ဘူး....
ကိုယ့်​ရင်​ဘက်​ကိုယ်​ တဖုန်းဖုန်း ထုရိုက်​​နေတဲ့ လက်​​တွေကို
ဆုပ်​ကိုင်​ အား​ပေးမိသည်​....
မငိုပါနဲ့ ရှင်​ငိုရင်​ ကျမနာကျင်​တယ်​.....။

" ဘာလို့လဲ ဘာလို့ငါက ဦးမျိုးရာဇ ဆိုတဲ့လူကြီးရဲ့
သားဖြစ်​​နေရတာလဲ သားတစ်​​ယောက်​လို
အသိအမှတ်​မပြု အလိုမရှိတဲ့ အ​ဖေတစ်​​ယောက်​အပြင်
ရက်​စက်​ကြမ်းကျုတ်​လွန်းတဲ့ လူကြီးက ငါ့အ​ဖေတဲ့လား
ပြောင်းလဲလို့မရနိုင်​​တော့ဘူးဟင်​....
သု​နြေ္ဒ ​ပြောစမ်းပါ ..ငါက သူ့သားမဟုတ်​ဘူးမှလား...."

"သု​နြေ္ဒ နားလည်​တယ်​...ကိုသစ်​ကို
သု​နြေ္ဒ နားလည်​ပါတယ်​ "

ပါးပြင်​​ပေါ်က မျက်​ရည်​စက်​​တွေကို ဖွဖွတို့သုပ်​​ပေးမိသည်​။
တဆက်​ဆက်​တုန်​​နေတဲ့ နှုတ်​ခမ်း​တွေကို အနမ်းဖွဖွ​ပေးမိ​တော့....။

" သု​နြေ္ဒ ကိုယ်​"

" သု​နြေ္ဒ တို့ ဒီညကို ​မေ့ထားရ​အောင်​...
ခန​လောက်​ဖြစ်​ဖြစ်​ သစ်​ ရင်​ထဲက နာကျင်​မှု​တွေ
လျော့ပါးသွား​အောင်​ သု​နြေ္ဒ ကူညီပါရ​စေ"

" ဒါ​ပေမယ့်​ "

ရီ​ဝေစွာ ညှို့ငင်​​နေ​သော သူမမျက်​ဝန်း​တွေ...
ပြောခွင့်​မရ​တော့သည်​ နှုတ်​ခမ်းတို့မှာ အနမ်းတို့ကို
သူမက ဦး​ဆောင်​လျှက်​....
တကယ်​ပဲ ​မေ့​ပြောက်​ထားရမလား....
ရင်​ထဲမှာ မွန်းကျပ်​လွန်းလို့ ခန​လောက်​ဖြစ်​ဖြစ်​ 
မေ့ထားချင်​မိသည်​.....။

သခင့်​ထံပါးခစားခွင့်​​ပေးပါWhere stories live. Discover now