1
755 75 3
#​Khit Thit Ko ~
"ကိုသစ်​ "
ဒီ​နေ့က uniပိတ်​ရက်​...
နေ့တိုင်း 6နာရီ​ထခဲ့ရတာ​​ပေမယ့်​ ဒီ​နေ့ မထလည်းရသည်​။ အလွန်​အကျွံ အိပ်​ပစ်​မည်​ ရည်​ရွယ်​ချက်​ဖြင့်​ အိပ်​ယာထဲ​ကွေး​နေ​​မိ​ပေမယ့်​ ​ဘေးမှ တရဆက်​နှိုးနေ​သော အသံ​ကြောင့်​ ရည်​ရွယ်​ချက်​က အထမ​မြောက်​​​တော့သည့်​ အ​ခြေအ​နေ...
ကျစ်​...
"ကိုသစ်​ ထ​တော့လို့ "
နှိုး​နေတဲ့ အသံ...
ဒါဟာ အခန်း​ဖော်​ စည်​သူရဲ့အသံ...
နိုး​နေ​ပေမယ့် ​မထချင်​​သေးတာမို့ မျက်​လုံးစုံမှိတ်​လျက်​ အာရုံနဲ့ဆုံးဖြတ်​ရင်း ​အသိကထင်းလင်း​နေလျက်​။
"ရတယ်​ ထားခဲ့လိုက်​​တော့ စည်​သူ~
ငါပဲဆက်​နှိုးလိုက်​​တော့မယ်​"
ကြားကဖြတ်​ဝင်​လာ​သော သြရှရှအသံတစ်​ခုက နားထဲ ရှင်းခနဲကြားလိုက်​မိသည်​။
သိလိုက်​ပြီ ​သေချာ​ပေါက်​...
ကျ​နော်​ ​ခေတ်​သစ်​ကို ရဲ့ဘဝအတွက်​ ထုံးတမ်းအစဉ်​အလာ ​လိုဖြစ်​​နေတဲ့ အ​နှောင့်​အယှက်​ တစ်​ခု...
ထိုအ​နှောက်အယှက်ကို ​​ဝတ္တရား ပမာ ​ကျေပွန်​စွာထမ်း​ဆောင်​​နေတဲ့ ထိုလူသားဟာ နှစ်​​ယောက်​မရှိ​လေတဲ့ သူငယ်​ချင်း ဆိုသူ ဒင်းဆိုတာ...
စိတ်​ညစ်​စရာ တအား​ကောင်းတယ်​ ...
အိပ်​​ကောင်းခြင်းမအိပ်​ရ...
မပွင့်​​သေးတဲ့မျက်​လုံးကိုပဲ ဆက်​လက်​အရှိန်​တင်​ မှိတ်​လိုက်​ကာ ​ခြုံ​စောင်​ကိုဆွဲ ​ခေါင်းမြီးခြုံ​နေလိုက်​​တော့သည်​။
ခြုံလို့မှမလုံလိုက်​နိုင်​...
ဆက်​ခနဲ အားနဲ့ ​စောင်​ကို ကိုယ်​​ပေါ်မှဆွဲခွာလိုက်​ခြင်းခံလိုက်​ရသည်​။
သက်​ပြင်းတချက်​ချကာ ​ဖြေသိမ့်​လိုက်​ရင်းပဲ မျက်​လုံးကိုဆက်​မှိတ်​ထားလိုက်​သည်​။
"​ခေတ်​သစ်​ ထ ထ ထ ထ ထ ထ ​​တော့"
Unknown Where stories live. Discover now