နိဒါန်း

Start from the beginning
                                    

[[Unicode]]

နိဒါန်း

အမြဲတမ်းတည်ငြိမ်နေတတ်သည့်Lu Cang
မျက်နှာသည်ဒေါသကြောင့်နီရဲနေလျက်
နန်းတွင်းစာကြည့်ခန်းသို့ဦးတည်လျှောက်လှမ်းလာသည်
ခပ်သွက်သွက်လျှောက်လှမ်းလာ၍
အစောင့်ရဲမက်တွေဟန့်တားချိန်ပင်
မရလိုက်ကြ
ဘယ်သူဘယ်ဝါဆိုတာပြောပြီးအကြောင်းလည်းမကြား ဝင်ခွင့်လည်းမတောင်းပဲ
အတင်းတိုးဝင်သွားသည်

ရုတ်တရက်နှောက်ယှက်မှုအားစိတ်တိုစွာ
ခေါင်းမော့ကြည့်သောအခါမြင်လိုက်ရသည့်Lu Cangမျက်နှာ
အမူအရာကြောင့်မျက်နှာတော်ပြန်တည်သွားသည်

"ဘာဖြစ်လာတာလဲ"

မေးခွန်းနဲ့အတူအကြည့်မှာလဲ
စာရွက်စာတမ်းတွေဆီ
ပြန်လည်ရောက်ရှိသွားသည်

လက်ထဲရှိအသနားခံလွှာအားJingရှိရာသို့
ညွှန်ပြပြီး

"ဒါ.."

Jingသည်အံ့ဩသည့်အမူအရာလည်းမပြသည့်
အပြင်လှည့်ပင်မကြည့်

"ဘာလို့ငြင်းပယ်ရပြန်တာလဲ"

အံတင်းတင်းကျိတ်လျက်မေးလာသောLu Cangအမေးကိုလှောင်သရော်ဟန်ဖြင့်Jingပြန်ဖြေလာသည်

"ငြင်းပယ်ခံရမှာပေါ့..သဘောတူထားတာကို
မေ့သွားပြီလား"

"မဟုတ်ဘူး...ငါသေချာတဲ့အကြောင်းပြချက်လို
ချင်တယ်..ငါရဲ့အသနားခံစာအားလုံးက
ဘာလို့ငြင်းပယ်ခံနေရတာလဲ"

ဒေါသမထိန်းတော့ဘဲပေါက်ကွဲထွက်လာသော
lu Cangအသံသည်အခန်းတစ်ခုလုံး
ဟိန်း၍ကျယ်လောင်စွာပျံနှံသွားသည်
ကျယ်လောင်သောအသံကြောင့်ရဲမက်များထိတ်လန့်သွားပေမဲ့ထိုသို့သခင်Luဒေါသထွက်လာသည့်အခါတိုင်းကြားရနေကျဖြစ်တာကြောင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရုံသာတတ်နိုင်သည်

လက်ထဲမှာကိုင်ထားသောစာလိပ်တွေကို
ချကာဒေါသတွေကြီးနေသောLu Cangနှင့်
အကြည့်ချင်းဆုံလိုက်သည်
ဒါဟာပထမဆုံးအကြိမ်လည်းမဟုတ်တော့
စစ်မြေပြင်အားMu Yueနဲ့အတူလိုက်သွားဖို့ရန်
ခွင့်ပြုစာတင်တိုင်းအမြဲငြင်းပယ်ခဲ့သည်
ထိုသို့ငြင်းပယ်ခံရတိုင်းအမြဲတမ်းလိုလိုLu Cang
လာ၍ဒေါသတကြီးသောင်းကျန်းလေ့ရှိသည်

ငြင်းပယ်ခံရမှာသိပေမဲ့လည်းခေါင်းမာစွာပင်
စစ်မြေပြင်သို့လိုက်သွားခွင့်အား
တောင်းဆိုနေမြဲပင်။

"မတော်နိုင်သေးဘူးလား..ဘယ်နှစ်ကြိမ်တောင်
ရှိပြီလဲ..မပင်ပန်းဘူးလား"

"ငါ့အသနားခံစာကိုခွင့်ပြုမှရပ်တန့်နိုင်မယ်"

ထိုသို့ခေါင်းမာလှသောLu Cangအသွင်ကြောင့်
Jingစချင်သောစိတ်ကတဖွားဖွားပေါ်ပေါက်
လာပြန်သည်

"မရပါဘူး...စစ်မြေပြင်မှာမင်းသမီးတစ်ပါး
ရှိတယ်ဆိုတာတစ်ခါမှမမြင်ဖူးဘူး
မင်းကောမြင်ဘူးလို့လား"

"သေပါ့လား..ခွေးကောင်"

ကြားရသောအသံထက်၌ဧကရာဇ်အားငြင်းဆိုခွင့်ပင်မရှိသောရဲမက်များအဖို့ကိုယ်တစ်ဝက်ပင်ကျုံသွားသလိုခံစားလိုက်ကြရသည်
အမျိုးသမီးသဘောမျိုးခေါင်းစဉ်တပ်သည်ကို
Lu Cangမကြိုက်မှန်းသိသည့်အတွက်
Jingမကြာမကြာစလေ့ရှိသည်

"မင်းသမီးလို့ဘယ်သူ့ကိုလာပြောနေတာလဲ"

ဒေါသထွက်နေသောမျက်နှာလေးအားလည်းJingအလွန်ပင်နှစ်သက်သည်
ထိုမျက်နှာလေးအားတွေ့ဖို့ရာစနောက်ရသည်မှာလည်းJingအတွက်ရိုးသွားသည်ဆိုတာမျိုးမရှိ

ရုတ်တရက်ပင်Lu Cangရှေ့ဝတ်ရုံစအား
ဆွဲကာနှုတ်ခမ်းချင်းဖိကပ်လိုက်သည်
သကြားလုံးလေးနှယ်စုပ်ယူစားသုံးလျက်
ဒေါသသံတွေကိုတိုးညှင်းအောင်
ဆောင်ယူနေသည်

Lu Cangအားနဲ့တွန်းထုတ်ကာနှုတ်ခမ်းထောင့်
မှာတွဲလဲခိုနေသောအမျှင်တန်းတွေကို
လက်နှင့်ဖိသုတ်လိုက်သည်

"Jing..ငါ့ကိုစိတ်ကုန်အောင်လုပ်နေတာပဲ
ငါတကယ်ကျိန်ဆိုပါတယ်..မင်းထက်သာတဲ့သူ
တွေ့ရင်မင်းကိုထားပြီးထွက်သွားမှာ"

"ဟမ်..ငါထက်သာတဲ့သူရှိရင်တဲ့လား
ကောင်းပြီ"

"ဘာလဲ...ဘာကောင်းတာလဲ"

Jingအလွယ်တကူလက်ခံတိုင်းမှာ
Lu Cangသံသယမဝင်ပဲမနေနိုင်ဘူး

"မင်းအသနားခံစာကိုငါခွင့်ပြုတယ်"

"တကယ်လား"

Lu Cangထခုန်မတတ်ပင်ပျော်မြူးသွားသည်
နောက်ဆုံးတော့Jingခွင့်ပြုပြီလေ

"ဟုတ်တယ်..ဒါပေမဲ့..ငါလည်းသွားမယ်"

"မင်းပါလိုက်မှာလား"

Lu Cangကိုယ့်နားကိုယ်ပင်မယုံကြည်နိုင်..
နှလုံးသား၌ပျော်ရွှင်ဝမ်းမြောက်မှုနှင့်နွေးထွေးမှု
များကပြည့်လျံတတ်လာသည်
သူသွားချင်နေခဲ့သောနေရာအားJingက
အတူလိုက်ပါပေးမယ်တဲ့လား

"ဘာလဲ..မလိုက်ရဘူးလား"

ပျော်မြူးနေသောLu Cangအသွင်လေးအားမြင်ပေမဲ့လည်းစချင်စိတ်ကထိန်းမရ

"မဟုတ်ဘူး...ဒါအကောင်းဆုံးပဲ"

ဒီအချိန်တော့Lu Cangဘက်မှစကာ
Jingပါးအားအနမ်းခြွေလိုက်သည်

နောက်ထက်စွန့်စားခန်းတစ်ခုအစချီလေပြီဖြစ်သည်

•••••••••••

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now