Dreamland---2

5.1K 688 59
                                    

[Zawgyi]

ခဗျား​လေးတို့​တော့မသိ​ပေမယ့်​ ကျွန်​​တော်​​တော့
ဒီbaby​လေးကို ချစ်​လို့ ထိန်းမရသိမ်းမရ​ရောက်​ချလာ
ပြန်​တာ TT
စာအုပ်​ထဲမှာ တစ်​ပိုင်းထက်​တစ်​ပိုင်းများများလာတာကို
ကြည့်​ရင်း လက်​​တွေက မရိုးမရွနဲ့... ... ...။
ဒါ​လေးကိုလည်း မ​မေ့ထားကြပါနဲ့လို့...။
ကျွန်​​တော်​သိပ်​ချစ်​မိတဲ့baby​လေးမို့...။

~•°~•°~ Dreamland ~•°~•°~

အူ​ကြောင်​​ကြောင်​​မေးခွန်း​ကြောင့်​ Baekhyun
မျက်​​မှောင်​ကြုတ်​မိသွားသည်​...။
သူတို့ကိုမြင်​ရတာလားတဲ့...၊ သူတို့ကိုမြင်​ရလို့
ဒီအထိလိုက်​လာတဲ့ဟာ...၊ ပြီး​တော့... မမြင်​ရဘဲ
စကား​ပြော​နေရ​အောင်​ လူက အရူးလည်းမဟုတ်​...။

" ခဗျားတို့ကိုမြင်​ရလို့ ​မေး​နေတာ​ပေါ့... "

" အိုးဟိုး hyung... ကျွန်​​တော်​တို့​တော့
ဒုက္ခ​ရောက်​ပြီထင်​တယ်​... "

Baekhyun၏ အတည်​ပြုစကား​နောက်​တွင်
နဖူးမှာ ကြိုး​လေးနှစ်​​ချောင်းကို လိမ်​ယှက်​​လေးချည်
ထားပြီး ​ကျောလယ်​အထိ ထိုကြိုးအရှည်​​လေးကိုချထား
သော ​ကောင်​​လေးက... သူ့ပါးစပ်​​လေးသူ လက်​က​လေးနှင့်​အုပ်​ရင်း ဆိုလာသည်​... ... ...။
ငှက်​​မွှေး​လေးနှင့်​ ​ကောင်​​လေးကလည်း ဂူ​ပေါက်​ကို
လှမ်းကြည့်​လိုက်​...​ကျော​နောက်​က ကျွန်းကိုလှမ်း
ကြည့်​လိုက်​နှင့်​...အချိန်​အ​တော်​ကြာ ​ယောက်​ယက်​ခတ်
နေပြီးမှ... ... ...

"​နောက်​မှရှင်းရ​အောင်​...​တော်​ကြာ
ဝင်​​ပေါက်​က ပိတ်​သွားလိမ့်​မယ်​...၊
ဟိုလူသား​လေး ငါတို့နဲ့လိုက်​ခဲ့...မြန်​မြန်​... "

မလိုက်​နိုင်​ပါဘူးလို့ ငြင်းဆန်​မည်​ကြံလိုက်​​သော်​လည်း
သူ့ပြန်​​ဖြေခြင်းကိုပင်​မ​စောင့်​ကာ...ထိုအရပ်​ရှည်​ရှည်
နှစ်​​ယောက်​က ​ရေပြင်​ကျယ်​ကြီးရှိရာဆီ​လျှောက်​သွား
တာမို့... ​နောက်​က​နေ အမြန်​လိုက်​ရ​တော့၏...။

ရေပြင်​ကျယ်​ကြီး​ရှေ့လည်း​ရောက်​​ရော... တံတားအဖြူ
လေးတစ်​ခုက ​ရေမျက်​နှာပြင်​​ပေါ် ခပ်​ပါးပါးယှက်​တက်
လာသည်​...။ တံတား​လေးကိုလည်းမြင်​​ရော...
ငှက်​​မွှေး​လေးက ​ရှေ့က​နေ အရင်​​လျှောက်​​တော့၏...။
သူ့​နောက်​က နဖူးစည်း​လေးကပါ လိုက်​ရန်​ပြင်​​နေသည်
မို့...Baekhyun... ထိုနဖူးစည်း​လေး၏ အင်္ကျီစကို
လှမ်းဆွဲလိုက်​ကာ... ... ...

*Dreamland* (Completed)Место, где живут истории. Откройте их для себя