"အမလေး...ဖြေရတော့မယ်...ဖြေရတော့မယ်...၁၀မိနစ်ပဲလိုတော့တယ်..."
ထိုစဉ်
"ကဲ...အားလုံးပဲလူစုံပြီဆိုတော့ ကိုယ့်နံပါတ်စဉ်လေးတွေလာယူပေးပါ...."
တာဝန်ရှိသူ ဦးလေးကြီးတစ်ယောက်မှ ညာသံပေးအော်လိုက်တော့ ထိုင်ခုံမှထကာ ကိုယ်မဲကျရာ နံပါတ်စဉ်သံလိုက်ရင်ထိုးလေးကို ယူလာလိုက်သည်။
"No.9....ပျော်ပြီလေ...ဒါငါ့ရဲ့Lucky No.လေး..Good luck to me pls"
ိုနံပါတ်ပြားလေးကို အာဘွားတစ်ချက်ပေးပြီး ရင်ဘတ်မှာတပ်လိုက်သည်။ ပြာတိပြာယာ တပ်လိုက်လို့လားမသိ...အနောက်ကသံလိုက်ပြားလေးက လက်ထဲကနေ ဖတ်ကနဲပြုတ်ကျသွားပြီး ကျွန်မရဲ့ရင်ခွင်ထဲသို့ ကိန်းအောင်းဝင်သွားလေသည်။
"Aish!!!! ဒုက္ခပါပဲ...ဝင်လည်းဝင်တတ်ပါပေ့...Toiletမသွားချင်ပါဘူးဆိုမှ..."
ဟိုစမ်းဒီစမ်းနဲ့ နှိုက်မယ်ဆိုရင်လည်း လူကြားထဲ မြင်မကောင်းရှုမကောင်း ဘာတွေလုပ်နေတာလဲဆိုပြီး Interviewတောင်မဖြေရဘဲ နှင်ထုတ်ခံလိုက်မှဖြင်...။
မတတ်နိုင်ဘူးလေ....ဖြေခါနီးလို့ Toiletမသွားချင်တော့ဘူးဆိုပေမယ့် သွားရတော့မှာပဲလေ....။ ဟိုမေးဒီမေးနှင့် Toiletရှိရာသို့သွားနေရင်း အထဲမှာ ထော်လော်ကန့်လန့်ဖြစ်နေသည့် သံလိုက်ပြားလေးကို တစ်ချက်တစ်ချက်ငုံ့ကြည့်ရသေး....။ မသိမသာလေးငုံ့ကြည့်လိုက် ၊ လမ်းလေးလျှောက်လိုက်နှင့် Toiletအပေါက်ဝနားမတိုင်ခင်မှာ ကြွေပြားသန့်ရှင်းရေးလုပ်နေတာကိုမမြင်မိသည့် ကျွန်မ...။
"Eomma ya...!!"
စီးထားတဲ့shoeဖိနပ်လေးနဲ့ ကြွေပြားပေါ်ကဆပ်ပြာရေလေးတွေ တခဏမိတ်ဆက်နေစဉ် ကျွန်မရဲ့ခန္ဓာကိုယ်ဟာလည်း နောက်ကျောဘက်ဆီမှ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကို အလျင်အမြန်ဆွဲငင်ခံလိုက်ရ...ရ........
ထိုသို့လဲကျခါနီးဆဲဆဲ တစ်စုံတစ်ဦးရဲ့လက်က ကျွန်မရဲ့ခါးအနောက်မှာ နေရာယူလိုက်မိသည်နှင့်တစ်ပြိုင်နက် ကျွန်မရဲ့မျက်နှာရှေ့တည့်တည့်သို့ တခြားသော အစိမ်းသက်သက် မျက်နှာက လာရောက်အုပ်မိုးမိသည်။
တစ်ခဏ....ထိုတစ်ခဏ...တကယ့်ကိုထိုတစ်ခဏ...
စေခိုင်းစရာမလိုသော အသက်ရှူမှုတွေကိုပင် အထူးအဆန်းလုပ်ကာ စေခိုင်းမှုပေးရလောက်အောင် ၊ ယခု ရောက်ရှိနေတာ F&B Production Companyလား နတ်သားProduction Comapnyလားပင် မသဲမကွဲဖြစ်ရလောက်အောင် လုံးဝမင်သက်ခဲ့မိသော ထိုတစ်ခဏလေး.....
YOU ARE READING
⬅ Parallel ➡
FanfictionI wanna forgive everything I wanna forgive you to heal my pains But I don't know how to do Whenever I see you, my heart feels painful Kang Daniel (Wanna One) & Lee Soo Young (OC) #Romantic# #Dramatic#
💕Love touched me💕
Start from the beginning
