💕Love touched me💕

Start from the beginning
                                        

"Tin!!!"

Message လာသံကြားလို့ အိတ်ထဲကဖုန်းကိုနှိုက်ကာဖွင့်ကြည့်မိသည်။

"Youngရေ....ဖြေနေရပြီလား...ဘာမှကြောက်မနေနဲ့....နင်လုပ်နိုင်မယ်လို့ယုံကြည်ပြီးသား...5ting!! ❤"

ငယ်သူငယ်ချင်းဖြစ်သည့် Ji EunဆီမှMessage...။

"Gomawo Eun yah...😘"

ဒီလိုကျတော့လည်း ကျွန်မသူငယ်ချင်းလေးက ချစ်ဖို့တော့ကောင်းသား...ဟီးဟီး...

Ji Eunဆိုသည်မှာ ကျွန်မနဲ့မူလတန်းနောက်ဆုံးနှစ်ကတည်းက classmate...။ ကြီးလာတော့ တက်တဲ့ တက္ကသိုလ်မတူလည်း အဆက်အသွယ်မပြတ်....။တက္ကသိုလ်တက်ရင်းအတူတူ အချိန်ပိုင်းအလုပ်လုပ်ခဲ့တာ ဘွဲ့ရသည့်အထိပင်...။
ယခုလည်း သူအလုပ်ချိန်မှာတောင် တကူးတကmessageပို့ပြီး 5tingလာလုပ်ပေးသဖြင့် အစောနက စိုးရိမ်နေတဲ့စိတ်တွေတောင် အနည်းငယ်သက်သာလာသလိုပင်။

ဘာပဲဖြစ်ဖြစ်ပါ...။ ဒီCompanyမှာအလုပ်ရကိုရရမယ်...ဒါပဲ...။ အရင်လုပ်ခဲ့တဲ့နေရာက ယခုလောက် နာမည်အရမ်းမကြီးပေမယ့် salaryနဲ့ commissionကတော့ မနည်းလှပါ...။သို့သော် ဝန်ထမ်းအချင်းချင်း အပြိုင်အဆိုင် customerတွေအင်မတန်လုသောကြောင့် စိတ်ရှုပ်ရှုပ်နဲ့ထွက်လာခဲ့တာလေ...။ ဒါကတော့reasonသက်သက်ပြတာပါ...ဟဲဟဲ။တကယ်တော့ဒီမှာလုပ်ချင်တာကြာလှပြီ။ ကျောင်းတက်တုန်းက တစ်တန်းတည်းသား သူငယ်ချင်းတစ်ယောက်တောင် ဒီမှာလုပ်နေရတယ်ဆိုတော့ ကျွန်မလည်းကြိုးစားကြည့်ချင်တာပေါ့...။နာမည်ကြီးတက္ကသိုလ်က ရလာတဲ့ဘွဲ့လက်မှတ်ကို သူ့လိုပဲ အကျိုးရှိရှိအသုံးချသင့်တယ်မဟုတ်လား.... နော့...။ဒီလိုနာမည်ကြီးတက္ကသိုလ်မှာတက်ခွင့်ရအောင် ထောက်ပံပေးခဲ့တဲ့ Australiaက Eommaရဲ့ညီမ ကျွန်မရဲ့ဒေါ်လေးကိုသတိတရနှင့် ကျေးဇူးတင်မိပါတယ်...။

အတွေးတွေနယ်ချဲ့လို့ဝပြီး စိတ်ကလေးလည်း ပြန်တည်ငြိမ်သွားတော့မှ ဘေးဘီကိုကြည့်လိုက်မိတယ်..။ဖြေမယ့်လူတောင်တော်တော်စုံနေပြီပဲ...။ ဘယ်တုန်းကတည်းကရောက်နေမှန်းတောင်သတိမထားမိပေ...။ငါဆိုသည်မှာ အဲလိုပဲ...။တစ်ခုခုကိုတွေးပြီငေးပြီဆို လောကကြီးကိုတောင်မေ့နေတာ...။နာရီကိုပြန်ကြည့်မိတော့ ၁၀နာရီခွဲဖို့၁၀မိနစ်...။

⬅ Parallel ➡ Where stories live. Discover now