အပိုင်း ၂(Z&U)

Zacznij od początku
                                    

"..."

"ဖျက်လိုက်တော့မှ မင်းကွိုင်အကြီးကြီးတက်တာ
ပေါ့ကွ။ အမှန်ဆို အဲ့ဒါနဲ့ မင်းအမှတ်တက်အောင်
လုပ်လို့ရတယ်။ အဲ့massageတွေ မင်း
ကောင်မလေးကို ပြပြီး တွေ့လား မင်းတာဝန်မယူ
ရင် ကိုယ့်ကို သိမ်းပိုက်ကြတော့မှာ ဘာညာနဲ့
ပတ်ချွဲနှပ်ချွဲတောင် လုပ်လို့ရသေးတယ်"

အော့ အော့ တွေ။ နှပ်ချွဲ တဲ့။ တွေးရင်းတောင်
အန်ချင်လာတယ် အော့ ။ ရုပ်ကလေးက ဖြူဖြူသန့်သန့်လေးနဲ့ အဲ့လို စကားတွေ သုံးတတ်တယ်။ မထင်ရဘူး။

"မင်းဟာက မဟုတ်သေးပါဘူး ထက်ကိုရာ..."

"အမေ့!"

အင်! ယောင်ပုံကြီးကလည်း ဘာကြီးတုန်း။
Mama Boy လား ဒီကောင်??
ကောလိပ်ဂျင်နေဝင်းစတိုင်နဲ့ ထွက်လာတဲ့ ကျတော်တောင် တွန့်သွားတယ်။

ဒါပေမယ့် ထက်ကို သကောင့်သားက ချက်ချင်း
ရုပ်ပြန်တည်ပြီး

"ငါ့ကိစ္စ မင်း ဝင်ပြောစရာမလိုဘူး" ဟူ၍
ဖုန်းကိုပိတ်ရင်း စကားနာပြန်ထိုး၏။
ဒီတော့ ကျတော်လည်း ပြန်အခွက်ပြောင်လို့
ရသွားပြီလေ။

"မဟုတ်သေးဘူးလေ...ကို ထက်ကိုကိုဦး ရ။
တစ်ဖက် မိန်းကလေးရဲ့ သိက္ခာကို လေးစားရ
မယ် ကို ထက်ကိုကိုဦးရဲ့...မြန်မာမိန်းကလေး
တွေဆိုတာ...အရှက်နဲ့ လူလုပ်နေကြတာဆိုတော့
ကား..."

ကောလိပ်ဂျင်နေဝင်း လေသံအတိုင်းပြောနေ
သော ကျတော့်အား မျက်မှောင်ကျုံလျက်

"မင်း ဆေးသောက်လာရဲ့လား ဇေလင်း??"

"အာ...sorry ပါ။ ငါ ပြဇာတ်တိုက်ရင်း အကျင့်
ပါသွားလို့ အဟီး"

"သောက်ပိုတွေ..."

ကျတော်ရယ်မိသည်။ ထက်ကို နဲ့က ပထနှစ်တုန်း
က ရှေ့နောက် ထိုင်ခဲ့တာ။ Welcomeတုန်းက
သူရေးတဲ့ ပြဇာတ်ကို ကျတော်ကခဲ့ရဖူးတယ်။
ဘာပဲပြောပြော သူနဲ့ မရင်းနှီးတောင် စိမ်းမနေဘူး
လေ။

"အဆင်ပြေပါစေကွာ..."

ဆက် နောက်နေရင် ထက်ကို ပိုဒေါပွလာလိမ့်မယ်
ခုချိန် သူတော်ကောင်းယောင်ဆောင် ဖိုးသခွား
လုပ်ပြီး ဆုတောင်းပေးလိုက်တာက ရန်ကင်း
တယ်။

(အခါတော်ပေး)အခါတော်​​ပေးOpowieści tętniące życiem. Odkryj je teraz