အပိုင်း ၁(Zawgyi & Uni)

Start from the beginning
                                    

ဟက်! အဲ့ငချွတ်တည်းက တစ်ယောက်က ဒဿနိက မေဂျာက ကောင်မလေးတစ်ယောက်
ကို လိုက်နေတာ။
အဲ ကျတော်တို့ကျောင်းမှာ နောက်ထပ်စတိုင်
တစ်ခုရှိသေးတယ်။ ကောင်မလေးတွေကို လိုက်
တော့မယ်ဆိုရင်လည်း အရင်ခေတ်တုန်းကလို
စာတွေဘာတွေပေး။ အောင်သွယ်တော်တွေ
ဘာတွေနဲ့လည်း ချိတ်သေး။ ဒီတစ်ခုတော့
ကျတော်လည်း သဘောကျတယ်။ ပေါ်တင်ဆရာ
တင်ခံရတာ နည်းလား?? ဒါကို ထက်ကို သည်
လည်း သဘောကျပုံပဲ...ကျတော်တို့ ဝဇ္ဇာတန်းရဲ့အခါတော်ပေးကြီးလုပ်နေတာ ပထမနှစ်တည်းက...ကျတော့် Fieldထဲ မဝင်
သေးသ၍တော့ အေးဆေးပေါ့။

သို့သော်...

"ဇေလင်း...ဇေလင်း"

အတန်းပြီးတာနဲ့ ကော်ရစ်တာတွင်လာရပ်စောင့်
နေသော ကျောင်းသားတစ်ယောက်။ နုနုဖတ်ဖတ်
ပိုးဟပ်ဖြူလို အကောင်လေး။ ကျတော့်ကိုမသိပဲ
လာရှာတယ်ဆိုတည်းက အကြောင်းကရှိနေပြီ

"ပြော သူငယ်ချင်း။ ဘာအကူအညီလို လို့လဲ?"

ပြောရကောင်းနိုးနိုး မပြောရကောင်းနိုးနိုးလုပ်နေ
၍ ကျတော်စိတ်မရှည်ချင်တော့။ ဗိုက်က ဆာနေပြီ။ အတူတူပါလာသည့် အဲ့ကောင်လေး၏
အဖော်သည်

"ဝေလင်း ပြောလိုက်လေ။ သူ ကူညီပေးရင်ok
သွားတာချည်းပဲ..."

ကျတော့်ကို ဘာကြောင့်လာရှာလဲ ဆိုတာသိနေ
ကြ၍ အတန်းထဲမှ ကောင်မလေးတွေကလည်း
ပြုံးစိစိနဲ့ လှမ်းရှိုးနေကြသဖြင့်

"လာကွာ ကန်တင်းသွားမယ်။ တစ်ခုခုစားရင်း
ဒီက သူငယ်ချင်းအကြောင်းနားထောင်ရတာပေါ့"

ကန်တင်း ကို ဂုတ်ဆွဲခေါ်လာလိုက်တော့ ရှက်
သလိုလို ဘာလိုလို မျက်နှာပေးလေးဖြင့် ကုတ်
ကုတ်လေး လိုက်လာသည်။
လမ်းမှာ ဟိုFerry ကားဆရာ နဲ့တွေ့သေး။
Town ageကားကို ကိုယ်တိုင်မောင်းပြီး
ကျောင်းလာတယ်။ နီးစပ်ရာ သူငယ်ချင်းတွေပါ
စုပြီး Ferryဆွဲထားလိုက်သေး။ ဘယ်လိုကောင်
စားမှန်း မသိဘူး။

"ကဲ ပြော သူငယ်ချင်း"

ဆီချက်ကို မွှေရင်း စကားလမ်းကြောင်းပေးတော့
လည်း တွန့်ဆုတ်ဆုတ်။ အစားလာမပို့ခင် စကား
ဟ ပေးတော့လည်း ကိုယ်တော်က အအေးပဲ
နင်းဖြဲသောက်ပြီး ဘာတစ်ခွန်းမှ မပြောလာ
နည်းနည်းတော့ များနေပြီ

(အခါတော်ပေး)အခါတော်​​ပေးWhere stories live. Discover now