" ကျွန်တော်က ဘယ်နေရာအိပ်အိပ် ခေါင်းချတာနဲ့ အိပ်ပျော်တယ် ... Hyung က နေသားမကျရင် မအိပ်တတ်ဘူးဆိုတာ ကျွန်တော်သိတယ် ... ကျွန်တော် အိပ်လို့ အဆင်ပြေပါတယ် Hyung ပဲ ကုတင်ပေါ်အိပ်ပါဗျာ ... နောက်ဆို Hyung ကို စိတ်ပူနေရတာနဲ့ တစ်ညလုံးအိပ်ပျော်မှာမဟုတ်ဘူး ... နော် "

Jongin အလေးအနက်ထားပြီး ပြောနေတော့ Kyung Soo စဉ်းစားနေမိရသည် ။ Jongin တင်မဟုတ် ။ Kyung Soo လဲ ကြမ်းပြင်ပေါ်အိပ်နေသည့် Jongin ကို စိတ်ပူပြီး အိပ်ပျော်မည်မထင် ။ ခက်ချေပြီ ။ Kyung Soo တို့အဖြစ်ကလဲ ရယ်စရာ ။ အိပ်စရာ နေရာအကျယ်ကြီးရှိပါလျက် သူ့စိတ်ပူ ကိုယ့်စိတ်ပူ ဖြစ်နေရသည့်အဖြစ် ။ နောက်ဆုံးတော့ Kyung Soo ပဲ ဆုံးဖြတ်ချက်ချလိုက်ရသည်လေ ။ ကိုယ်က သူပြောသလို အကြီးမဟုတ်လား ။

" ဒါဆိုလဲ ကုတင်ပေါ်ပဲ အတူအိပ်ကြမယ် ... ဘယ်သူ့မှ စိတ်ပူနေစရာမလိုတော့ဘူး ... "

Kyung Soo အပြောကြောင့် Jongin မျက်လုံးလေး ဝိုင်းကာ အံ့သြသလို ကြည့်လေရဲ့ ။ Kyung Soo ထိုသို့ပြောမည်ဟု ထင်ထားပုံမရ ။ Jongin စိုက် ကြည့်နေတော့ ဘာရယ်မဟုတ် Kyung Soo လဲ အလိုလိုရှက်စိတ်က ဝင်လာရသည် ။ ခန္ဓာကိုယ်တစ်ခုလုံးလဲ ပူနွေးလာသလိုပင် ။ မျက်နှာလဲ ရဲနေမလားပင် မသိတော့ ။ ဒီတိုင်း ရိုးရိုး အိပ်ဖို့ပြောတာကို Kyung Soo မျက်နှာတွေပူထူကာ ဘယ်နားထားရမယ်မသိ ဖြစ်နေရသည့်အဖြစ် ။ မိမိကို Jongin များ တစ်မျိုးထင်သွားမလား အတွေးတွေက ရင်ထဲဝင်လာတော့ Kyung Soo ထွက်ပြေးချင်စိတ်ပေါက်သွားသည် ။

အား ။ ဘယ်လိုခံစားချက်ကြီးလဲ ။ ဒီတိုင်း ကုတင်ပေါ်ငါပဲ အိပ်မယ်ပြောလိုက်ရင် အကောင်းသား ။ ခုတော့ ထွက်ပြီးသား စကားပြန်ပြင်၍ မရတော့ ။ ပြောချင်အုံးဟဲ့ ပါးစပ်က ။

" ဘာလဲ ... မင်းက မအိပ်ချင်ဘူးလား ... အဆင်မပြေဘူးလား .. "

စိတ်ကို ထိန်းပြီး ပြောလိုက်ရပေမယ့် ကြောက်လန့်စရာမပါဘဲ Kyung Soo အသံတွေ တုန်ယင်နေသလိုပင် ။ စိုက်ကြည့်နေသည့် Jongin အကြည့်တွေကိုလဲ ရင်မဆိုင်ရဲ ။ စားပွဲပေါ်ရှိ အသီးပန်းကန်ကိုသာ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေမိသည် ။ အသိစိတ်လွတ်နေသလိုဖြစ်နေသည့် Jongin လဲ Kyung Soo မေးတော့မှ ပျာပျာသလဲ အသံထွက်လာလေရဲ့ ။

You've reached the end of published parts.

⏰ Last updated: Dec 14, 2017 ⏰

Add this story to your Library to get notified about new parts!

ချစ်တယ် Hyung ရယ်Where stories live. Discover now