ဗီလိန်​၏ အဌမ​ခြေလှမ်း

Start from the beginning
                                    

ကျ​နော်​ ဟက်​ခနဲ ရယ်​ချမိသည်​....

"ခင်​ဗျား က​ရော....
အမြဲ ကျ​နော့်​ကို
ဒုက္ခ​ပေး​နေတာမဟုတ်​ဘူးလား.....
ဒီ​နေရာကို ခဏခဏမလာပါနဲ့...
မလိုအပ်​တဲ့ ကိစ္စ​တွေမဖြစ်​ချင်​ဘူး....."

သူ ပြုံးပြန်​သည်​.....မချိတင်​ကဲဖြင့်​.....

"ကိုယ်​​နောက်​မလာ​တော့ပါဘူး...
ပြီး​တော့.....
ကိုယ်​​တောင်းပန်​ပါတယ်​......
ဟို​နေ့က ပါတီမှာ...ကိုယ်​ လွန်​သွားတယ်​"

သူ့​တောင်းပန်​စကား.......
ပထမဆုံး.....အပြစ်​သိခြင်း......
ကျ​နော်​ ယုံရမှာတဲ့လား....ဗီလိန်​.....

"အဟက်​.....ခင်​ဗျား....ခုမှ....
လာ​တောင်းပန်​​နေတယ်​....
ခင်​ဗျားက....လူကြားထဲမှာ....
ကျ​နော့်​ကို အမြဲ အရှက်​ခွဲချင်​​နေတာမလား"

ကျ​နော့်​ရဲ့တန်​ပြန်​ထိုးစစ်​ဆင်​​သော ....
စကားလုံးတို့ကို.....
သူကမျက်​ရည်​တစ်​စ​က်​ဖြင့်​.....
ညှိုးနွမ်း​ပျောက်​ကွယ်​​စေပါ၏......

ဘုရား​ရေ.....သူငို​နေတယ်​......
မျက်​ရည်​နဲ့ ဘယ်​​တော့မှ....
မသက်​ဆိုင်​ဘူးလို့....
ကျ​နော်​...တစ်​ထစ်​ချ ယုံကြည်​ခဲ့ရသူက...
ငို​နေတယ်​......

ဗီလိန်​တစ်​​ယောက်​ငို​နေတာကို....
မြင်​​နေရ​တာကို​တောင်​...
ကျ​နော်​က.....
နှလုံးသား...အစုံကို ဖျစ်​ညှစ်​ခံ​နေရသူလို...
နာကျင်​​နေသည်​မှာ...ဘာ​ကြောင့်​များပါလဲ...

"ကိုယ်​.....ကိုယ်​....မရည်​ရွယ်​ပါဘူး....
ကိုယ်​...က​လေးကို ပြန်​လိုချင်​လို့....
ကြိုးပမ်းခဲ့ခြင်း​တွေက....
က​လေးကို ဒီ​လောက်​ထိ....
စိတ်​​သောက​ရောက်​​စေခဲ့မယ်​လို့
မ​တွေးခဲ့မိဘူး....."

ကျ​နော်​ အရမ်းရွံ့​ကြောက်​ခဲ့ရတဲ့...
ဗီလိန်​ကြီးက​လေ....ကျ​နော့်​​ရှေ့မှာ...
ငို​နေတာ......က​လေးတစ်​​ယောက်​လို.....

ခင်းထားတဲ့....ခုံ​တွေ​ပေါ်ကို
စိတ်​ပစ်​လက်​ပစ်​ထိုင်​ချရင်း​ခေါင်းငုံ့ကာ
ငို​နေသူ......

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now